ဓမ္မအလင်းနဲ့ ဘ၀မြှင့်တင်ပါ
သာသနာနဲ့ တွေ့နေရတဲ့ဘ၀မှာ
ပေးကမ်းမှုဒါနနဲ့ပဲ ကျေနပ်မနေပါနဲ့
သီလတရားလည်း ဖြည့်ကျင့်ထားပါ ။
အချိန်ပေးနိုင်သေးရင်
ဘာ၀နာလေးပါ လုပ်လိုက်ပါအုံး ။
တမလွန်ဆိုတာ
ဘ၀ကောင်းဖို့ မသေချာသလို
သာသနာနှင့်ဆုံဖို့လည်းမရေရာပါဘူး ။
အခန့်မသင့် ခြေချော်လို့
ဘ၀ယုတ်ညံ့သွားခဲ့ရင်တောင်
ကုသိုလ်ပါရမီပါသွားတဲ့သူဟာ
အဆင်ပြေပြီး ချမ်းသာနိုင်ပါတယ် ။
ကျန်တာတွေဟာ သေရင်ထားခဲ့ရပြီး
ကုသိုလ်ပါရမီစိတ်ကောင်းတွေကတော့
ကိုယ့်နောက်မှာ ကပ်ပါသွားနိုင်လို့
စိတ်ကောင်းလေးဖြစ်ဖို့နှင့်
ကုသိုလ်ရေးတွေကိုသာအရေးပေးပါ ။
အပျင်းတွေကို ဖျောက်ဖျက်ပြီး
၀ီရိယတရားကို အရှိန်မြှင့်တင်ကာ
ဓမ္မအလင်းလေးတွေ ရှိတုန်းမှာ
ကိုယ့်ဘ၀ကို မြှင့်တင်ကြဖို့ကြိုးစားပါ ။
🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏