တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ်သင်တန်းဆင်းပုံရိပ်များ

လှပသော နေ့တစ်နေ့

ဒီနေ့ ၂၉-၁၂-၂၀၂၂ ရက်နေ့မှာ သူနာပြုနှင့်
ဆေးဘက်ပညာသိပ္ပံဘွဲသင်တန်း အမှတ်စဉ်(၂၀)၊
အမျိုးသမီးသူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ
သင်တန်း အမှတ်စဉ်(၇) တို့အား မွေးထုတ်ပေးခဲ့ပါပြီ။

သင်တန်းဆင်းပွဲကို တပ်မတော်ကာကွယ်ရေးဦးစီး
ချုပ်(ကိုယ်စား) ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မိန့်ခွန်းပြောကြားခဲ့ပါတယ်။

မိန့်ခွန်းထဲမှာ သတိထားမိတဲ့ အချက်တွေကတော့

  • သူနာပြုတွေဟာ ကရုဏာတရားကြီးမားပြီး ကြင်
    နာတတ်သူ၊ ကိုယ်ကျိုးစွန့်အနစ်နာခံတတ်သူ၊ စေတ
    နာထက်သန်သူ၊ စိတ်ထားမွန်မြတ်သူ၊ အပင်ပန်း
    အဆင်းရဲခံနိုင်သူ၊ ကိုယ်ကျင့်သိက္ခာကောင်းမွန်သူ
    စတဲ့ အင်္ဂါရပ်တွေနဲ့ ပြည့်စုံသူတွေဖြစ်။
  • သူနာပြုကောင်းတစ်ဦးဖြစ်စေဖို့ “ဝါသနာ၊
    စေတ နာ၊ အကြင်နာ၊ အနစ်နာ၊ နမူနာ” ဆိုတဲ့
    နာ ၅ နာ ပြည့်စုံဖို့လိုအပ်။
  • တပ်မတော်မိသားစုဝင်များကိုသာမက ပြည်သူ
    တစ်ရပ်လုံးကို ကျန်းမာရေးစောင့်ရှောက်ပေးရာမှာ
    သူနာပြုများ၏ အဓိဌာန်ပြု ကတိသစ္စာ ၉ ချက်နဲ့
    အညီ စောင့်ထိန်းလိုက်နာကြ။
  • နိုင်ငံရေးအရ ထိုးနှက်တိုက်ခိုက်မှုများကို ဆင်ခြင်
    သုံးသပ်ပြီး တပ်တွင်း/ တပ်ပြင် စည်းလုံးညီညွတ်
    ရေးကို မြဲမြံခိုင်မာအောင် တည်ဆောက်ကြ။
  • စိန်ရတုဆေးတပ်ဖွဲ့နေ့တိုင် တာဝန်ထမ်းဆောင်ခဲ့
    ကြတဲ့ ဆေးဝန်ထမ်းတပ်ဖွဲဝင်များရဲ့ ကောင်းမြတ်
    တဲ့ သမိုင်းအစဉ်အလာတွေကို ဆက်လက်ထိန်းသိမ်းကြ။

ဒီအချက်တွေကိုကြည့်ခြင်းအားဖြင့် နိုင်ငံတော်
အကြီးအကဲက စစ်သူနာပြုတွေကို တပ်မတော်
မိသားစုဝင်များသာမက ပြည်သူလူထုတစ်ရပ်လုံး
ကို စောင့်ရှောက်ဖို့ ပြုစုပျိုးထောင်မွေးထုတ်နေ
တယ်ဆိုတာ အသေအချာပဲဖြစ်ပါတယ်။

Posted in Uncategorized