တိုင်းရင်းဆေးဝါးပို့ကုန်များ တရုတ်GACC ဌာနက စစ်ဆေးပြီးမှ

မြန်မာနိုင်ငံကနေ တရုတ်ကို တင်ပို့ကုန်တွေထဲမှာ သီးနှံနဲ့အစားအသောက်များအပြင် တိုင်းရင်းဆေးဝါးနဲ့ဆေးဝါးကုန်ကြမ်းတွေကိုလည်း တင်ပို့နေရာ အဲ့ဒီဆေးဝါးတွေကို တရုတ်အစိုးရဌာန GACCက ပြန်လည်စစ်ဆေးပြီးမှ မှတ်ပုံတင်ခွင့်ပြုပြီး ပို့ခွင့်ပြုမှာဖြစ်ကြောင်းပြည်တွင်းကုန်သွယ်မှုဌာနခွဲကသိရပါတယ်။

တရုတ်နိုင်ငံအကောက်ခွန် အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC)အောက်ရှိ Department of Animal and Plant Quarantine ဌာန အနေနဲ့တိုင်းရင်းဆေးဝါးတင်ပို့မှုကိုစစ်ဆေးသွားဖို့ရှိနေတဲ့အပြင် မြန်မာနိုင်ငံကလုပ်ငန်းဆောင်ရွက် နေတဲ့ ကုမ္ပဏီများမှတ်ပုံတင်ဖို့ ကိစ္စရပ်တွေနဲ့စပ်လျဉ်းပြီး မြန်မာဘက်က ပို့ကုန်တင်ပို့သူတွေကို အကြောင်းကြားမှုတွေရှိနေတယ်လို့ဆိုပါတယ်။

GACC အနေဖြင့် မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တင်သွင်း /တင်ပို့ လျက်ရှိတဲ့ တရုတ်တိုင်းရင်းဆေးများဘေးအန္တရာယ် ကင်းရှင်းရေးအတွက် မြန်မာအစိုးရဘက်ကကြီးကြပ်စီမံခန့်ခွဲရေးစနစ်ကိုပြန်လည် သုံးသပ်တဲ့ အနေဖြင့် စစ်ဆေးပေးမှာဖြစ်တယ်လို့သိရပါတယ်။

Posted in Uncategorized