ဖေဖော်ဝါရီ ၂၄ရက်က မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ သမန်းတောကျေးရွာရှိ သံဃာတော်များ၊ နှင့် ဒေသခံပြည်သူများအား အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံ ဆေးကုသရေးအဖွဲ့က ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပါတယ်။ သံဃာတော်များနှင့် ဒေသခံပြည်သူ စုစုပေါင်း ၁၀၉ ဦး တို့ကို သွေးတိုးရောဂါ၊ အဆစ်အမြစ်ရောင်ရောဂါ၊ ဆီးချိုရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ၊ မျက်စိရောဂါ၊ သွားနှင့် ခံတွင်းရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့ပြီး မကွေးတပ်နယ်မှ တာဝန်ရှိသူများက သွားရောက်အားပေးခဲ့ကြောင်း သတင်းရရှိပါတယ်။
Related Posts
အလောင်းကောက် ၊အလောင်းဖျောက် စစ်နည်းဗျူဟာကျင့်သုံးနေတဲ့ရန်သူ
- admin
- October 16, 2024
ရန်သူက သူ့ရဲ့ထိခိုက်ကျဆုံးမှုတွေ လူမှုကွန်ရက်ပေါ်မရောက်ရှိစေရေးတိုက်ပွဲတွေမှာ သေဆုံးအလောင်းတွေကိုမရရအောင်ပြန်လည်ဆွဲယူမှုကိုအရေးကြီးစစ်နည်းဗျူဟာတစ်ရပ်အနေနဲ့ ကျင့်သုံးနေပါတယ်။အလောင်း၊ လက်နက်တွေအများကြီးကျန်ခဲ့ပြီဆိုရင် အလောင်းပြန်မသယ်နိုင်လောက်အောင်ထိခိုက်ကျဆုံးများတယ်ဆိုတာ သေခြာပါတယ်။အလောင်းပုံတွေတပ်မတော်ကတရားဝင်သတင်းမထုတ်ပြန်ပေမဲ့ Telegram Channel တွေမှာတော့ ရန်သူအလောင်းပုံတွေအများကြီး၊ အများကြီးမြင်တွေ့နေရပါတယ်
တရားမဝင်လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ ယာဉ်အပိုပစ္စည်းများနှင့် ယာဉ်များ သိမ်းဆည်းရမိ
- ရှင်ယွန်း
- November 12, 2023
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦး ဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင် ရွက်လျက်ရှိရာ ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ် […]
ဘာသာရေးကို စော်ကားခြင်းသည် မြန်မာပြည်သူတစ်ရပ်လုံးကို စော်ကားခြင်းဖြစ်သည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းပြော
- အေးခင်
- January 12, 2024
ဇန်နဝါရီလ ၉ ရက်တွင် နိုင်ငံတွင်းဖြစ်ပေါ်နေသည့်အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA)သည် လောက်ကိုင်မြို့ကို ထိန်းချုပ်ခဲ့ပြီးနောက် ၎င်းတို့၏ တပ်ဖွဲ့ဝင်အချိုသည် လောက်ကိုင်မြို့၊ ဆီအောကျေးရွာ၏ မြောက်ဘက် […]