တိုတောင်းလှတဲ့ ဘဝကို
ဘဝဆိုတာ
အားလုံးထင်ထားတာထက်ကို
ပိုပြီး တိုတောင်းလှပါတယ်
ဘဝ
ဘယ်လောက်ပဲ
တိုတောင်းနေပါစေ
နေ့ရက်တိုင်း
အဓိပ္ပါယ်ရှိရှိ ရှင်သန်ပါ
လွတ်လွတ်လပ်လပ် နေထိုင်ပါ
အေးအေးချမ်းချမ်း ဖြတ်သန်းပါ
တိုတောင်းလှတဲ့ ဘဝကို
လုပ်သင့်တာတွေ များများလုပ်ပြီး
မလုပ်သင့်တာတွေ ရှောင်နိုင်မယ်ဆိုရင်
ဘဝဟာ
ရှင်သန်ရတာအဓိပ္ပါယ်ရှိလာပါလိမ့်မယ်။
ဒီလိုမှမဟုတ်ပဲ
လုပ်သင့်တာတွေ မလုပ်ပဲ
လုပ်ချင်တာတွေ လုပ်နေမယ်ဆို
ဘဝက
အဓိပ္ပါယ်မဲ့လာမှာ သေချာပါတယ်။
🙏အရှင်ဇဝန (ရွှေကုန်းမြေ)🙏