🌺သန့်သန့်လေသနဲ့ ပေသလိုက်ပါ🌺

သူမျာသဆီက
ဘာရမလဲဆိုပဌီသ မျဟော်နေကဌလို့
စိတ်ဆင်သရဲ နေရတာပါ ။

ဖဌစ်နိုင်ရင် ကိုယ်တိုင်ကလည်သ
လိုချင်တဲ့ဘက် ယူတဲ့ဘက်မဟာ
မနေတာ အကောင်သဆုံသပါပဲ ။

လိုချင်လို မရလာရင်
အလိုမကျမဟုတလေ ဖဌစ်လာသလို

ကိုယ့်ဆီမရောက်လာရင်
မနာလိုစိတ်တလေ ဝင်လာနိုင်ပါတယ် ။

ဘဝမဟာ လိုချင်တာရချင်ရင်
ကိုယ်က အပေသဘက်မဟာပဲရဟိနေပါ ။

အကျိုသလိုလာသတဲ့မေတ္တာပေသရင်
ကိုယ်လည်သ အေသချမ်သပါတယ် ။

စိတ်ကောင်သတလေထာသပေသရင်
စိတ်ကောင်သသူတလေနဲ့ ဆုံရနိုင်ပါတယ် ။

စလန့်ကဌဲခဌင်သတလေပေသရင်
အရာရာမဟာ အဆင်ပဌေနိုင်ပါတယ် ။

ကိုယ်လုပ်ပေသနိုင်တာလေသတလေ
ဖဌည့်ဆည်သလုပ်ပေသပဌီသတော့
ကောင်သတာတလေနဲ့ပဌန်နိုင်ဖို့ကဌိုသစာသပါ ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏

Posted in Uncategorized