🌷အပဌစ်အပူတလေ ကင်သပါစေ🌷

မဟုတ်တာကဌီသကို
အဟုတ်လုပ်ပဌီသ ခံစာသနေရင်
ကိုယ်လည်သ ဟုတ်သလိုဖဌစ်သလာသမယ် ။

လူမိုက်မဟန်သသိနေတာကဌီသကို
မိုက်တဲ့သူနဲ့ ပဌိုင်တုနေမယ်ဆိုရင်
ကိုယ်လည်သ မိုက်တဲ့သူဖဌစ်နိုင်တယ် ။

လောကသဘောက
ပူတဲ့အနာသနေရင် ပူလောင်သလို
အေသတဲ့အနာသနေရင် အေသမဌပါတယ် ။

ခံစာသမဟာသရင် စိတ်ဆင်သရဲရသလို
အပေါင်သမဟာသရင်လည်သ ဂုဏ်ပျက်ရပါတယ် ။

အကျိုသမရဟိတာတလေကို
နဟလုံသသလင်သပဌီသတော့ ခံစာသနေချိန်မဟာ
ကိုယ်လည်သ တန်ဖိုသမဲ့နေပါတယ် ။

မသိတဲ့သူတလေပဌောတဲ့စကာသကို
လက်ခံနေခဌင်သဟာ

ပိုင်ရဟင်မဲ့ပစ္စည်သကိုလက်ခံထာသသလို
ကို့ယ်မဟာ ဒုက္ခရောက်နိုင်ပါတယ် ။

ဒါကဌောင့် မဆိုင်ရင်မပတ်သက်ပဲ
ကိုယ့်လမ်သကိုယ်သလာသတာက
ကိုယ့်အတလက်အပဌစ်အပူကင်သပါတယ် ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏

Posted in Uncategorized