အောင်သူရဲ့ သွင်းဂိုးနဲ့ တန်းမဆင်းရန်သေချာခဲ့တဲ့ အူထိုင်းထာနီအသင်း

ထိုင်းလိဂ်-၁ ကလပ် အူထိုင်းထာနီတိုက်စစ်မှူး အောင်သူသည် လမ်ပွန်ဝါရီယာစ်အသင်းအား
၂-၁ ဂိုးဖြင့် အနိုင်ရသည့်ပွဲတွင် တစ်ဂိုးသွင်း၊ တစ်ဂိုးဖန်တီးပေးခဲ့သည်။

အူထိုင်းထာနီအသင်းအနေဖြင့် ယခုနိုင်ပွဲကြောင့် တန်းမဆင်းရရန် သေချာခဲ့သည်။

ပြိုင်ပွဲဝင် ၁၆ သင်းရှိသည့် ထိုင်းလိဂ်-၁ ပြိုင်ပွဲတွင် ရာသီပြီးဆုံးရန် နှစ်ပွဲသာ ကျန်တော့ပြီး အူထိုင်းထာနီက ၃၅ မှတ်ဖြင့် အဆင့် ၇၊ လမ်ပွန်ဝါရီယာစ်က ၃၁ မှတ်ဖြင့် အဆင့် ၁၃ နေရာများတွင် ရပ်တည်လျက်ရှိသည်။

အောင်သူသည် ပြီးခဲ့သည့်ရာသီက လမ်ပွန်ဝါရီယာစ်အသင်းတွင် ကစားခဲ့သူဖြစ်သည်။

လမ်ပွန်ဝါရီယာစ်အသင်းမှ မြန်မာ့လက်ရွေးစင် အသင်းခေါင်းဆောင် မောင်မောင်လွင်မှာ ဒုတိယပိုင်းတွင် လူစားဝင်ကစားခဲ့ပြီး တန်းမဆင်းရရန်လက်ကျန်နှစ်ပွဲတွင် တစ်ပွဲအနိုင်ရရန် လိုအပ်နေသည်။

Photo: Uthai Thani FC

Posted in Uncategorized