တရားမဝင် စက်သုံးဆီဂါလန် ၃၀၀၀ နီးပါးနှင့် တရားမဝင်ကုန်ပစ္စည်းများ သိမ်းဆည်းရမိ

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မေလ ၃၀ ရက်နှင့် ၃၁ ရက်အတွင်း တရားမဝင် စက်သုံးဆီဂါလန် ၃၀၀၀ နီးပါးအပါအဝင် ငွေကျပ် သိန်းပေါင်း ၁၂၀၀ ကျော်တန်ဖိုးရှိ တရားမဝင်ကုန်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်ဟု တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။

ဖြစ်စဥ်မှာ မေ ၃၀ ရက်တွင် အကောက်ခွန် ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲများက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာ ရှစ်လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသည့် ခန့်မှန်းငွေကျပ် ၂၉၀၉၁၃၀၀ တန်ဖိုးရှိ တရုတ်နိုင်ငံထုတ် GI Hollow Pipe ကီလိုဂရမ် ၁၉၇၉၀ ကို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

Posted in Uncategorized