အာဆီယံနှင့် BIMSTEC အဖွဲ့ကြားက ကွဲပြားချက်

BIMSTEC အဖွဲ့ကြီးမှာ အိန္ဒိယ၊ ထိုင်း၊ မြန်မာ၊ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ ဘူတန်နိုင်ငံတို့နဲ့ ဖွဲ့စည်း ထားတယ်။ အစပိုင်းမှာ စီးပွားရေးကွန်ရက်တစ်ခုဖြစ်သော်လည်း နောက်ပိုင်းမှာတော့ လုံခြုံရေးဆိုင်ရာ တွေပါ တိုးချဲ့ဆောင်ရွက်လာတာတွေ့ရတယ်။ သေချာတာ တစ်ခုကတော့ BIMSTEC ရဲ့ နောက်ကွယ်မှာ ကြိုးကိုင်လက်မည်းတွေ မရှိဘူး။ ညီမျှလွတ်လပ်တရားမျှတစွာ လုပ်ကိုင်ဆောင်ရွက်နိုင်တယ်။ ဒါကြောင့် BIMSTEC အဖွဲ့က ပေါ်လာတာ မကြာသေးပေးမယ့် ဩဇာတိက္ကမ ကြီးထွားလာပြီး ယုံကြည်မှုတွေ မြင့်တက် လာခဲ့တယ်။

မြန်မာနိုင်ငံအဖွဲ့ဝင်အဖြစ်ပါနေတဲ့ ASEAN ကတော့ ဒီလိုမဟုတ်ဘူး။ အဖွဲ့ဝင်နိုင်ငံအချင်းချင်း မမျှတဘူး၊ မရိုးသားကြဘူး၊ ကိုယ့်အကျိုးစီးပွားအတွက်ဆို အဖွဲ့ဝင်နိုင်ငံအချင်းချင်းတောင် ထိုးချ/ချောက်တွန်း တတ်တယ်။ ASEAN နောက်ကွယ်မှာ မမြင်နိုင်တဲ့ ကြိုးကိုင် လက်မည်းကြီးတွေရှိလည်း ပါမှာပေါ့။ ဒါကြောင့် ASEAN ဟာ နာမည်ပျက်နေပြီး ကမ္ဘာ့ယုံကြည်မှု ကျဆင်းနေသလို မကြာခင်မှာ ပြိုကွဲသွားဖို့ အလားအလာရှိတယ်လို့ သုတေသီများက သုံးသပ်ကြတယ်။

ဘာရယ်မဟုတ်ပါ။ ဗဟုသုတအဖြစ်ဖော်ပြလိုက်တာပါ။

Posted in Uncategorized