မင်္ဂလာရှိသော နံနက်ခင်းလေးပါ

🌷ကိုယ့်စိတ်ဟာ နေရာမှန်ပါစေ🌷

အထီးကျန်လို့ မနေတတ်နေရင်
တစ်ယောက်ထဲနေရမယ်ဆိုတဲ့
ဘုရားစကားကို ကြားယောင်လိုက်ပါ ။

ထွက်ခွာသွားလို့ အနေကြပ်ရင်
ဘယ်အရာမှ မမြဲဘူးဆိုတဲ့
ဘုရားတရားကို ပြန်ကြားလိုက်ပါ ။

ချန်ထားခဲ့လို့ ပူလောင်ရရင်
သံယောဇဥ်ဆိုတာမရှိလေကောင်းလေလို့
လွတ်လပ်ခြင်းကို နှလုံးသွင်းပါ ။

မပြည့်စုံခြင်းဟာ ဆင်းရဲရရင်
ရောင့်ရဲခြင်းဟာ မင်္ဂလာဖြစ်တယ်လို့
ကိုယ့်စိတ်ကို အေးချမ်းစေလိုက်ပါ ။

တိုက်ခိုက်ခံရလို့ စိတ်ညစ်နေရင်
သည်းခံမှ အောင်မြင်နိုင်တယ်လို့
ကိုယ့်ကိုယ်ကိုယ် အားပေးထားပါ ။

ပြောမရလို့ စိတ်ညစ်နေရင်
ကိုယ်မှသူမဟုတ်တာဆိုပြီးတော့
အနတ္တသဘောကို ဆင်ခြင်နေလိုက်ပါ ။

သောကတွေကြောင့် ပင်ပန်းရရင်
အလိုများမှု‌ လောဘတရားတွေကို
လျော့နည်းနိုင်အောင် ကြိုးစားထားပါ ။

အရာရာမှာ အဆင်ပြေတည့်ချင်ရင်
ကိုယ့်ရဲ့စိတ်ကိုပဲ နေရာမှန်အောင်
ပြင်ထားပေးနိုင်ဖို့ အရေးကြီးပါတယ် ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏

Posted in Uncategorized