❖မနေ့က ညောင်ပင်သာနဲ့ ဖြူးကြားမှာ ထုံးစံအတိုင်း ရထားလမ်းမိုင်းပေါက်ကွဲတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ရင် ကံဆိုး၊ ကံကောင်းလို့ ဆိုလို့ရတယ်။ ကံကောင်းတယ် ဆိုတာကတော့ နယ်မြေဆိုးတဲ့ ဒီလိုဒေသတွေမှာ လူစီးတွဲပါတဲ့ ရထားတွေ မလာခင် မိုင်းရှင်းရထားတွေက တနာရီလောက်စောထွက်ပြီး ခုလိုပဲ လုံခြုံရေး ပတ်ကင်းလှည့်လေ့ ရှိတတ်ကြတယ်။ လူစီးရထားမလာခင် ဒီလိုဖြစ်စဉ်ဖြစ်တော့ ကံကောင်းတယ်လို့တော့ ဆိုလို့ရပေမယ့် ခုလို မိုင်းရှင်းရထားတွေကိုတော့ တပ်မတော်သားတွေက အများစုလိုက် ပါလေ့ရှိတာမို့ သူတို့အတွက်တော့ ကံမကောင်းဘူးပေါ့။ အခန့်မသင့်ရင် အသက်တွေပါ ပေးလိုက်ရမယ့် အန္တရာယ်ကြီးတဲ့ ဖြစ်စဉ်လည်း ဖြစ်တယ်။
❖တကယ်တော့ မိုင်းရှင်းသံလမ်းပြေးယာဉ်တွေက ဒီလိုကြိုရှင်းထားမှ လူစီးရထားတွဲလာရင် အန္တရာယ်ကင်းတာ။ ခုလို ကြိုထွက်ရတဲ့ ပတ်ကင်းရထားတွေ မလာခင်မှာလည်း အရင်ကတော့ ရထားလမ်းလုံခြုံရေးပေး ထားတဲ့ တပ်မတော်လုံခြုံရေးအဖွဲ့တွေရှိတယ်။ ခုတော့ ပေးနိုင်သလား မပေးနိုင်သလား မသိတော့ဘူး။ သူတို့ကတော့ ပေးထားတဲ့ လမ်းကင်းနယ်မြေအပိုင်းလိုက် အသွားအပြန် လမ်းလျှောက်ရင်းနဲ့ ရထားလမ်းပိုင်း လုံခြုံရေးကို လုပ်ရလေ့ရှိတယ်။ ခင်ဗျားတို့စီးနေတဲ့ ရထားကြီးတစီးက ခရီးစဉ် အစအဆုံး ဖြောင့်ဖြောင့်သွားနိုင်ဖို့ တပ်မတော်သားတွေက နယ်မြေလုံခြုံရေးကို ခုလို နှစ်ဆင့်လောက် ယူပေးရတယ်ဆိုတာ သိစေချင်ရုံပါ။
❖ဓာတ်ပုံတွေကို မြင်ရသလောက်တော့ ဖြစ်တဲ့အချိန်ကလည်း မနက် ၁ နာရီ ၁၅ မိနစ်ရှိနေသလို သံလမ်းပြေးယာဉ်ကလည်း ပျက်စီးနေတာတွေ့မိတော့ အချိန်ကိုက် ဖောက်ခွဲခဲ့တာလား၊ မိုင်းဖောက်ခွဲပြီးမှ ပြေးလမ်းချော်ခဲ့တာလားဆိုတာကိုတော့ မြေပြင်က စစ်ဆေးတဲ့သူတွေ ပဲ တိတိကျကျသိနိုင်လိမ့်မယ်။ စိတ်ပျက်စရာကောင်း တာကတော့ အချက်အလက်တွေ အရဆိုရင်… ၂၀၂၁ ခုနှစ်ကနေ ခုချိန်ထိ ရထားတံတား နဲ့ သံလမ်းတွေကို မိုင်းခွဲဖျက်ဆီး တာက ၁၇၁ ကြိမ်ထိတောင် ရှိခဲ့တာ တွေ့ရတယ်။ အဖြစ်အများဆုံးကတော့ ခုလက်ရှိဖြစ်နေတဲ့ နယ်မြေတဝိုက်က အကြိမ်အရေအတွက် အများဆုံး ဖြစ်လိမ့်မယ်လို့ ထင်မိတယ်။ မနေ့က ထုတ်ပြန်ချက်ထဲမှာလည်း သမာရိုးကျ ဖြစ်စဉ်တစ်ခု အပေါ် ပုံမှန်သတင်းထုတ်ပြန်ရုံသပ်သပ်ပဲ တွေ့ရတယ်။ ဒီလိုဖြစ်စဉ်တွေ အပေါ် အားပါးတဲ့ သတိပေး ထုတ်ပြန်မှုမျိုး၊ တုန့်ပြန်မှုမျိုး မပါတာကတော့ သဘောမကျ မိဘူး။ တိုင်းပြည်ရဲ့ဖွံ့ဖြိုးတိုးတက်မှုတွေအတွက် အခြေခံကျတဲ့ ရုပ်ပိုင်းဆိုင်ရာ အဆောက်အဦတွေဟာ ဒီလိုအကြမ်းဖက်တွေလက်ချက်နဲ့ပဲ ဆုတ်ယုတ်နေရတာ ကတော့ နိုင်ငံတော်အတွက် အတော်လေး ဝမ်းနည်းစရာကိစ္စပါပဲ။
(နရီမိုး)