စက်တင်ဘာ ၄ ရက် နေ့လည် ၁ နာရီခွဲခန့်က ဆားလင်းကြီးမြို့နယ်ရှိ တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်နေသော လက်ပံတေင်းတောင်ကြေးနီစီမံကိန်းတွင် လုံခြုံရေးဆောင်ရွက်ပေးနေသော မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ လုံခြုံရေးတပ်ဖွဲ့ဝင်များကို ရည်ရွယ်ပြီး အကြမ်းဖက်သမားများက Drop Bomb ချတိုက်ခိုက်ခဲ့ရာ တရုတ်နိုင်ငံသားအလုပ်သမားများ နားနေဆောင်နှင့် အားကစားခန်းမတို့ကို ထိမှန်ပြီး အားကစားခန်းမ အမိုးသွပ် ၂ ချပ်၊ မျက်နှာကျက် ၂ ချပ် ဗုံးသီးအစထိမှန်(ပျက်စီး)ခဲ့ပါတယ်။
အဲဒီ့တိုက်ခိုက်မှုကို KIA အဖွဲ့က ဦးစီးပြီး NUG ရဲ့ ထောက်ပံ့မှုဖြင့် ဖွဲ့စည်းထားတဲ့ PDF များကလုပ် ဆောင်ခဲ့တာဖြစ်ပါတယ်။ ဒီလုပ်ဆောင်မှုဟာ မြန်မာနိုင်ငံအတွင်းရှိ တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရပါတယ်။
//တိုက်ပွဲသတင်းစုံ