ဩဂုတ်လအတွင်း တရားမဝင်ကုန်စည် ကျပ် ၉၄၂ သန်းကျော်ဖိုးဖမ်းမိ

တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏  ကြီးကြပ်ကွပ်ကဲမှုဖြင့် နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်များတွင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲများကို ဖွဲစည်း၍ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးလုပ်ငန်းများကို ထိရောက်စွာဆောင်ရွက်လျက်ရှိရာ သတင်းအချက်အလက် ရရှိမှုသည် အလွန်အရေးပါလျက်ရှိပြီး ဩဂုတ်လအတွင်းတွင်လည်း ပြည်သူများ၏ သတင်းပေးတိုင်ကြားမှုကြောင့် ကျပ် ၉၄၂ သန်းကျော်ဖိုးနှင့် ယာဥ်များဖမ်းမိကာ အဆိုပါဖမ်းမိမှုများမှ ကျပ် ၁၈၈ သန်းကျော်ကို သတင်းပေးဆုကြေးအဖြစ် ချီးမြှင့်သွားမည်ဖြစ်သည်။

သြဂုတ်လအတွင်း သတင်းပေးတိုင်ကြားခဲ့သည့် တာဝန်သိပြည်သူများကိုလည်း ဖမ်းဆီးရမိမှု တန်ဖိုးကျပ် ၉၄၂ ဒသမ ၀၇၅ သန်း၏ ၂၀ ရာခိုင်နှုန်းဖြစ်သော ငွေကျပ် ၁၈၈ ဒသမ ၄၁၅ သန်းကို သတင်းပေး ဆုကြေးငွေအဖြစ် ချီးမြှင့်ပေးသွားမည်ဖြစ်ပြီး သက်ဆိုင်ရာ ဌာနများမှလည်း မြန်မြန်ဆန်ဆန် ဆုချီးမြှင့်နိုင်ရေး ဆောင်ရွက်ပေးလျက်ရှိသည်။ ထိုကြောင့် တာဝန်သိပြည်သူများအနေဖြင့် တရားမဝင်ကုန်သွယ်မှုသတင်းများနှင့် ပတ်သက်၍ ဖုန်း – ၀၉၄၀၄၃၃၉၉၆၉၊ ၀၆၇-၄၀၉၈၈၃ နှင့် အီးမေးလ် antiillegaltradeinfo@gmail.com သို သတင်းပေးပို တိုင်ကြားနိုင်ကြောင်း သိရသည်။

တရားမဝင်ကုန်သွယ်မှုများကို ထိရောက်စွာတိုက်ဖျက်ရန် ဦးဆောင်ကော်မတီ ပြင်ဆင် ဖွဲစည်းခဲ့ပြီးနောက် ဖမ်းဆီးရမိမှုများအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဇွန်လအထိ ဖမ်းဆီးရမိအမှုတွဲ ၁၃၅၅၀၊ ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၇၅ ဒသမ ၁၂၆ ဘီလျံဖမ်းဆီး ရမိခဲ့ပြီး သတင်းပေးဆုကြေးအဖြစ် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ငွေကျပ် ၁၁၆၈ ဒသမ ၄၈၈ သန်း ချီးမြှင့်ပေးခဲ့ကာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ဇွန်လအထိ ကျပ် ၅၆၉ ဒသမ ၁၃၂  သန်းကို သတင်းပေး ဆုကြေးအဖြစ် ချီးမြှင့်ရန်ဆောင်ရွက်ထားကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်နှင့်  စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောကြားသည်။

ထိုအတူ ၂၀၂၄ ခုနှစ် ဇူလိုင်လအတွင်း သတင်းပေးတိုင်ကြားခဲ့သည့် တာဝန်သိပြည်သူများကိုလည်း သိမ်းဆည်းရမိမှု တန်ဖိုးငွေကျပ် ၁၁၉၈ ဒသမ ၈၇၆ သန်း၏ ၂၀ ရာခိုင်နှုန်းဖြစ်သော ငွေကျပ် ၂၃၉ ဒသမ ၇၇ သန်းကို သတင်းပေးဆုကြေးငွေအဖြစ် ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Posted in Uncategorized