အကြမ်းဖက်MNDAA၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေး ၂ ဦးဒဏ်ရာရရှိ

Breaking News

နိုဝင်ဘာ ၅ ရက် (ယနေ့) နေ့လည် ၁ နာရီနှင့် နေ့လည် ၂ နာရီကြားတွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်လန်မြို့နယ်သို့ အကြမ်းဖက် MNDAA အဖွဲ့က လက်နက်ကြီး ၄ လုံးဖြင့် အကြောင်းမဲ့ပစ်ခတ်ခဲ့ကြောင်း သိရှိရပါသည်။

ထိုသို့ပစ်ခတ်မှုကြောင့် နမ့်မလွတ်ချောင်းရေကန်အတွင်း ၁ လုံး၊ ရေကန်ဘောင်ပေါ် ၁ လုံး၊ ပန်ဟိုက်ရွာအနီးတွင် ၁ လုံး၊ နမ့်လန်တောင်ပိုင်း ရပ်ကွက်တွင် ၁ လုံး ကျရောက်ပေါက်ကွဲခဲ့သည်။

ဖြစ်စဉ်တွင် နမ့်လန်တောင်ပိုင်းရပ်ကွက်အတွင်း ကျရောက်တဲ့ လက်နက်ကြီး ကျည်ဆံသည် ဒေသခံ ဦးအိုက်ကွီး နေအိမ်အနီးကျရောက်၍ မောင်နှမဖြစ်သူ ကလေးငယ် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ –
(၁) မောင်စိုင်းခေး ၊ ၅ နှစ်၊ (မစိုးရိမ်ရ)
(၂) မနန်းမိုးလင်း၊ ၉ နှစ်၊ (မစိုးရိမ်ရ) တို့ဖြစ်ပါသည်။

အကြမ်းဖက် MNDAA အဖွဲ့အနေဖြင့် လူနေရပ်ကွက်များကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းသည် အလွန်ယုတ်မာ ပက်စက်သော အကြမ်းဖက်လုပ်ရပ်များဖြစ်ကြောင်းနှင့် ဒဏ်ရာရရှိကလေးငယ်များအား တာဝန်ရှိသူများမှ အားပေးထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။

Posted in Uncategorized