၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်တွင် စတင်ဖွဲ့စည်းခဲ့သည့် ကမ်းခြေစောင့်တပ်ဖွဲ့၏ ၃ နှစ်မြောက် တပ်နှစ်ပတ်လည်နေ့ အခမ်းအနားတွင် ၄၈ မီတာ အမြန်သွား ကင်းလှည့်ရေယာဉ်(၄)စီး တပ်တော်ဝင်ခဲ့ကြောင်း သိရသည်။
ရေကြောင်းသဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရာတွင် အဓိကတာဝန်ယူဆောင်ရွက်ရသည့် Key Actors များဖြစ်ပြီး အဏ္ဏဝါဂေဟ စနစ်ကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်သည့် ပင်လယ်ပြင်ဆီယိုဖိတ်မှုနှင့် ရေထု ညစ်ညမ်းမှု တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများကို တာဝန်ယူဖြေရှင်းဆောင်ရွက်ရမည့် အဖွဲ့အစည်းဖြစ်သည့်အပြင် ရေမိုင် ၁၃၀၀ ခန့်ရှိသည့် ကမ်းရိုးတန်း၊ ကျွန်းပေါင်း (၁၄၀၀)ရှိပြီး ရေပြင်နယ်နိမိတ် စတုရန်း ရေမိုင် (၁၄၃,၁၁၀.၇၂)ရှိသည့် မိမိတို့နိုင်ငံအတွက် ကမ်းခြေစောင့်တပ်ဖွဲ့ကို ယခုထက် များစွာသောရေယာဉ်၊ လက်နက်ပစ္စည်းကိရိယာ၊ လူ့စွမ်းအားများကို တိုးချဲ့သွားရဦး မည်ဖြစ်သဖြင့် ဥပဒေများနှင့်အညီ ကမ်းခြေစောင့်တပ်ဖွဲ့၏ တာဝန်များကို ထမ်းဆောင်နိုင်ရန်လည်း လိုအပ်ကြောင်း မှာကြားခဲ့ကြောင်း သိရသည်။
နှစ်ပတ်လည်နေ့တွင် ကမ်းခြေစောင့်တပ်ဖွဲ့ကွပ်ကဲမှုဌာနချုပ် ကြီးကြပ်ရေးမှူးချုပ် ဗိုလ်မှူးကြီး ကျော်ကျော်လင်းက အမြန်သွားကင်းလှည့်ရေယာဉ်(၄)စီးအား တပ်တော် ဝင်ရေယာဉ်များအဖြစ်ကြေညာခြင်း၊ နိုင်ငံတော်အလံလွှင့်တင်ခြင်း၊ ကမ်းခြေစောင့် တပ်ဖွဲ့အလံလွှင့်တင်ခြင်း၊ တပ်တော်ဝင်အလံလွှင့်တင်ခြင်း၊ ခေါင်းလောင်း(၈) ချက် တီးခြင်းနှင့် တပ်တော်ဝင်လုပ်ငန်းစဉ်များအား အစီအစဉ်အတိုင်း ဆောင်ရွက်ခဲ့ကြသည်။