စစ်သားလို့ဆိုလိုက်တာနဲ့ တူညီဝတ်စုံ၊ လက်နက်ကိုင်ပြီး စည်းကမ်း စည်းဘောင်တွေကြားမှာ အမိန့်တစ်ခုရဲ့ အောက်မှာ ခိုင်မာစွာရပ်တည်ပြီး နိုင်ငံတော်ကို ကာကွယ်နေတဲ့သူတွေဆိုတာ ပြောစရာကိုမလိုအောင် သိကြပြီးဖြစ်မှာပါ။
စစ်သားထမင်းစားရင်တောင်မှ စည်းစနစ်တကျ စားတယ်။ ဒါကြောင့်မို့လို့လည်း လက်နက်တွေကို ကိုယ်စီ လက်ထဲ ယုံယုံကြည်ကြည်တရားဝင်အပ်နှံထားတာ။ လက်နက်ကိုင်ရပြီဆိုတာနဲ့ ဒီနယ်မှာငါသာလျှင် အာဏာ အရှိဆုံးဆိုပြီး လုပ်ချင်ရာလုပ်နေတဲ့ အဖွဲ့တွေနဲ့ အကွာကြီးကွာနေတာပေါ့။
စည်းမျဉ်း၊ စည်းကမ်း၊ အရပ်ဘက်ဥပဒေ၊ စစ်ဥပဒေတွေကြားမှာ ထမင်းစားတာကအစ စည်းကမ်းရှိလို့ ခေတ်အဆက်ဆက် ခိုင်မာစွာရပ်တည်လာခဲ့တာ ဘယ်သူဘာပြောပြော ဂရုစိုက်နေစရာမလိုဘူး။ နိုင်ငံအတွက် မည်သည့် ဘေးအန္တရာယ်လာလာ ကာကွယ်ဖို့ ကယ်ဆယ်ဖို့ အမြဲတမ်း အသင့်ရှိနေပေးနေတာ စစ်သားတွေပဲ။
ထို့ကြောင့် “စစ်သားဟုခေါ်သည်။