တရုတ်သည် မိမိတို့ကို အကဲစမ်းနေကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် ပြောကြား

ရန်လိုသည့် တရုတ်သည် မိမိတို့ကို အကဲစမ်းနေကြောင်း အမေရိကန်သမ္မတဂျိုး ဘိုင်ဒင်က သြစတြေးလျ၊ အိန္ဒိယနှင့် ဂျပန်နိုင်ငံများမှ ခေါင်းဆောင်များကို စက်တင်ဘာ ၂၁ ရက်တွင်ပြောကြားခဲ့ပြီး ထိုသိုပြောကြားချိန်တွင် မိုက်ဖွင့်ထားသည်ကို မသိဘဲ ပြောကြားခဲ့ခြင်းဖြစ်သဖြင့် ထိုအစည်းအဝေးတွင် တရုတ်အား နာမည်တပ်ပြောကြားမှုကို ဂရုတစိုက်ရှောင်ရှားမည်ဟု ကြေညာထားသည့် ကြေညာချက်ကို လျော့ပါးစေခဲ့သည်။

ဘိုင်ဒင်သည် ၎င်း၏ မွေးရပ်မြိုဖြစ်သည့် ဒယ်လာဝဲပြည်နယ် ဝယ်မင်တန်မြိုတွင် အိန္ဒိယ ဝန်ကြီးချုပ် နရင်ဒရာမိုဒီ၊ ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါ၊ သြစတြေးလျဝန်ကြီးချုပ် အန်သိုနီ အယ်လ်ဘန်းနိစ်တိုနှင့် ပြုလုပ်သည့် Quad အစည်းအဝေးဖွင့်ပွဲတွင် ထိုသို ပြောကြားခဲ့ခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *