ထန်တလန်မှာ အကျအဆုံးများနေတဲ့ CDF

အောက်တိုဘာ ၄ ရက် (မနေ့)က ထန်တလန်မြို့မှာ ထိတွေ့တိုက်ပွဲ ၃ နေရာ ဖြစ်တယ်လို့ သိရှိရပါတယ်။

ထန်တလန်၊ တာဝါတိုင်ကုန်းစခန်းကို အကြမ်းဖက် CDF ၆၀ လောက်က နေရာ ၂ နေရာကနေ တပြိုင်တည်း လာတိုက်လို့ အပြန်အလှန်တိုက်ပွဲဖြစ်ပြီး ရန်သူ ဆုတ်ခွာသွားခဲ့ပါတယ်။ ဖြစ်စဉ်မှာ မိမိစစ်သည် ၁ ဦး ထိခိုက် ဒဏ်ရာရရှိပြီး ရန်သူ့ထံမှ –
(၁) အကြမ်းဖက် CDF အလောင်း ၂ လောင်း
(၂) ကျည်အိမ် ၁၀ ခု သိမ်းဆည်းရရှိခဲ့။

အလားတူ ထန်တလန်မြို့၊ CB ဘဏ်ရှိ လုံခြုံရေးအဖွဲ့ကို အကြမ်းဖက် CDF ၄၀ ဦးခန့်က လာရောက်တိုက်ခိုက်လို့ တိုက်ပွဲဖြစ်ပွားပြီး ရန်သူဆုတ်ခွာသွားခဲ့။ ဖြစ်စဉ်တွင် စစ်သည်/ ရဲတပ်ဖွဲ့ဝင် ၂ ဦး ဒဏ်ရာရရှိပြီး ရန်သူ့ထံမှ –
(၁) အကြမ်းဖက် CDF အလောင်း ၁ လောင်း
(၂) KA-22 သေနတ် ၁ လက်
(၃) ကျည်အိမ်/ ကျည်ဆန်များသိမ်းဆည်းရရှိခဲ့။

အလားတူ ထန်တလန်မြို့အတွင်း လုံခြုံရေးယူထားတဲ့ ပူးပေါင်းစစ်ကြောင်းအား အကြမ်းဖက် CDF ၁၅ ခန့်က လာရောက်ပစ်ခတ်သဖြင့် တိုက်ပွဲဖြစ်ပွားပြီး ရန်သူ့ထံမှ –
(၁) အကြမ်းဖက် CDF အလောင်း ၁ လောင်း
(၂) MA-3 သေနတ် ၁ လက် တို့အား သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရပါတယ်။

အောက်တိုဘာ ၄ ရက် (မနေ့)က တစ်ရက်တည်းတွင် ထန်တလန်မြို့ရှိ လုံခြုံရေးအဖွဲ့များအား အကြမ်းဖက်သမားများက ၃ ကြိမ်တိုင်တိုင် လာရောက်တိုက်ခိုက်ခဲ့ပြီး လုံခြုံရေးအဖွဲ့များက မာမာထန်ထန် တုံ့ပြန်ချေမှုန်းမှုကြောင့် ရန်သူဟာ ကျဆုံးအလောင်း/လက်နက်များအား အမြန်ကောက်၍ ဆုတ်ခွာ ထွက်ပြေးခဲ့ပါတယ်။ အလောင်းမကောက်နိုင်ဘဲ ကျန်ခဲ့တာကတော့ CDF အလောင်း ၄ လောင်း၊ သေနတ် ၂ လက် တို့ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *