ထိုင်းနိုင်ငံရှိ ဆောက်လုပ်ရေးစခန်းတွင် တရားမဝင် မြန်မာအလုပ်သမား ၂၇၂ ဦးကို ထိုင်းအာဏာပိုင်များဖမ်းဆီး

ထိုင်းနိုင်ငံ အယုဒ္ဓယပြည်နယ် ယူထိုင်းခရိုင်မှာရှိတဲ့ ဆောက်လုပ်ရေးစခန်းတစ်ခုကို ဒေသအရာရှိတွေက အင်္ဂါနေ့ စက်တင်ဘာလ ၂၄ ရက်နေ့မှာ ရုတ်တရက် ဝင်ရောက်စီးနင်းရာ တရားမဝင်မြန်မာအလုပ်သမား ၂၇၂ ဦးကို ဖမ်းဆီးရခဲ့တယ်လို့ သိရပါတယ်။

မနေ့ကပဲ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြိုရှိမြန်မာသံရုံးရှေ့တွင် ထိုင်း နိုင်ငံသားများဦးဆောင်ပြီး မြန်မာနိုင်ငံသားတွေ ထိုင်းနိုင်ငံထဲကို အလုံးအရင်းနဲ့ ခိုးဝင်နေလို့ ဆန္ဒပြခဲ့ကြောင်းလည်းသိရပါတယ်.။