တစ်ယောက်ကို တစ်ယောက် တစ်နေ့နေ့
တစ်ချိန်ချိန်မှာ ခွဲကြရမယ် ဝေးကြရမယ်
မှန်း သိရက်နဲ့ တစ်ယောက်နဲ့တစ်ယောက်
အမုန်းတွေနဲ့ပဲ အဆုံးသတ်ကြတော့မှာ
လား…။
ရေစက်ရှိလို့ဆုံဆည်းခွင့်ရကြတာသူငယ်
ချင်းပဲဖြစ်ဖြစ်၊ မိသားစုပဲဖြစ်ဖြစ် အတူရှိ
နေတဲ့အချိန်လေးမှာတစ်ယောက် နဲ့ တစ်
ယောက် တန်ဖိုးထားပြီးချစ်ချစ်ခင်ခင်နေ
သွားကြပါ။
မရှိလို့လည်း အားမငယ်နဲ့ ၊ ရှိလို့လည်း
မာန်မထနဲ့ ၊ ကိုယ်ပိုင်ဆိုင်သမျှ အားလုံး
ဟာ ထားခဲ့ကြရအုံးမှာပါ။
ချစ်ရတာလည်းစိတ်ပင်ပန်းတယ်၊ မုန်းရ
တာလည်း စိတ်ပူလောင်တယ်၊
အချင်းချင်းတွေကြားမှာ ကိုယ့်ကိုယ်ကို
စိတ်ဆင်းရဲမခံပါနဲ့။
ပတ်ဝန်းကျင်ဆိုတာကိုယ့်အပေါ်မကောင်း
တာလည်း ပြောမယ်၊ ကောင်းတာလည်း
ပြောမယ်၊ အဲဒါတွေကို စိတ်ထဲမထားနဲ့။
သူတို့စိတ်ထဲမှာ ဖြစ်နေတဲ့အချိန်လေးပဲ
ချီးမွမ်းခြင်း, ကဲ့ရဲ့ခြင်းတွေနဲ့ ဝေဖန်ကြ
တာပါ။
ငါမရှိရင်မဖြစ်ဘူးဆိုတဲ့အတွေးကိုမတွေး
နဲ့၊ ငါမရှိလည်း သူ့ဟာသူဖြစ်နေတာပဲ။
သူမရှိရင် မနေတတ်ဘူးဆိုတဲ့ သူတွေ
လည်း သူမရှိတဲ့ အချိန်တွေကြာလာရင်
နေတတ်သွားကြတာပါပဲ။
ချစ်စရာရှိရင်လည်း မစွဲလမ်းနဲ့၊ မုန်းစရာ
ရှိရင်လည်းအရွဲ့မတိုက်နဲ့၊စိတ်ညစ်စရာရှိ
ရင်လည်း ဝမ်းမနည်းနဲ့၊
ဒေါသဖြစ်ရင်လည်းမတုန့်ပြန်နဲ့၊ ထစ်ခနဲ
ဆို မျက်ရည်မကျနဲ့။
လူ့ဘဝအခိုက်အတန့်လေးမှာယူတတ်ရင်
သင်ခန်းစာတွေအများကြီးပါ။
ကျေးဇူးတော်ရှင်ပါမောက္ခချုပ်ဆရာတော်ဘုရားကြီးဒေါက်တာအရှင်နန္ဒမာလာဘိဝံသ