နိုဝင်ဘာ ၁၃ ရက်နေ့ မနက်ပိုင်းက မိုးမောက်မြို့နယ်အတွင်း နယ်မြေရှင်းလင်းနေသည့် စစ်ကြောင်းသည် KIA/ PDF များ တပ်စွဲထားသည့် နေရာသုံးခုအား ရှင်းလင်းသိမ်းပိုက်နိုင်ခဲ့ပြီး ဖြစ်စဉ်တွင် မိမိစစ်သည်တစ်ဦး ဒဏ်ရာရရှိပြီး ရန်သူ့ထံမှ –
(၁) လက်ပစ်ဗုံး ၃ လုံး
(၂) ဘီဇူကာ ဒုံးသီး ၇ လုံး
(၃) လက်နက်ငယ် ကျည် ၁၆၂ တောင့်
(၄) နင်းမိုင်း ၁ လုံး ၊ တိုက်မိုင်း ၃ လုံး
(၅) ကျည်ကာဦးထုပ် ၂ လုံး
(၆) တစ်ယောက်ပစ်ကျင်း ၂၄ ကျင်း
(၇) ဆက်သွယ်ရေးမြောင်း ၃၀၀ ပေခန့်
တို့အား သိမ်းဆည်းရရှိခဲ့ပါသည်။