ရခိုင်ပြည်နယ်တောင်ပိုင်းမှာ အထိနာနေတဲ့ အကြမ်းဖက် AA

စက်တင်ဘာလ ၈ ရက်နေ့က ရတနာမြိုင်-ကျိန္တလီမြို့အကြား နယ်မြေလုံခြုံရေးဆောင်ရွက်စဉ် AA သကသ ၂၀ ဦးခန့်က ပစ်ခတ်သဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ ရန်သူ့သေနတ် ၁ လက် သိမ်းဆည်းရမိခဲ့ပြီး ဆက်လက်၍ နယ်မြေရှင်းလင်းစဉ် AA သကသအဖွဲ့က Drone ဖြင့် Drop Bomb ချတိုက်ခိုက်ခြင်း၊ အင်အား ၅၀ ဦးခန့်က ၁ ကြိမ်၊ အင်အား ၃၀ ဦးခန့်က ၁ ကြိမ် ပစ်ခတ်တိုက်ခိုက်သဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီး ဖြစ်စဉ်အတွင်း Type-63 ၁ လက် ထပ်မံသိမ်းဆည်းရမိခဲ့ပါတယ်။

အထက်ပါဖြစ်စဥ်များ ဖြစ်ပွားနေစဥ် ပိတ်ဆို့ရေးအဖွဲ့အနေဖြင့် ဆားချက်ကျေးရွာအနီး ကင်းပုန်းဝပ်စောင့်ဆိုင်းနေစဉ် ရတနာမြိုင်အနီးတိုက်ပွဲမှ ထွက်ပြေးလာသည့် AA သကသ၂ ဦးအား တွေ့ရှိသဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရာ ၁ ဦးမှာ ထွက်ပြေးသွားခဲ့ပြီး ဒဏ်ရာရရှိထားသောAA သကသအဖွဲ့ဝင် လင်းလင်း အား (မစိုးရိမ်ရ) ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။