ရေဘေးသင့်ပြည်သူများအတွက် အလှူငွေဆက်လက်လက်ခံမည့်အစီအစဉ် အသိပေးကြေညာခြင်း

မုန်တိုင်းရာဂီ၏ သက်ရောက်မှုနှင့် ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်ခဲ့သော လေဖိအား နည်းရပ်ဝန်းတို့၏အရှိန်ကြောင့် ဖြစ်ပေါ်ခဲ့သည့် ရေကြီးရေလျှံမှုများတွင် ရေဘေးသင့်ခဲ့ရသည့် ပြည်သူလူထုအား ကူညီထောက်ပံ့နိုင်ရန်အတွက် ၂၈-၉-၂၀၂၄ ရက် (စနေနေ့) မွန်းလွဲ(၂)နာရီတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၌ လှူဒါန်းမှုများကို အခမ်းအနားဖြင့် ဆက်လက်လက်ခံ သွားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။

လှူဒါန်းလိုသူများအနေဖြင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လူမှုဝန်ထမ်းကယ် ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ အောက်ပါပုဂ္ဂိုလ်များသို့ ဆက်သွယ်စာရင်း ပေးသွင်း လှူဒါန်းနိုင်ပါသည်-

(၁)     ဒေါ်လဲ့လဲ့အေး၊  ညွှန်ကြားရေးမှူးချုပ်၊ ဖုန်းနံပါတ် ၀၉-၂၀၂၁၄၉၁

(၂)      ဦးဝင်းရွှေ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဖုန်းနံပါတ် ၀၉-၂၅၄၁၇၀၀၁၁

(၃)     ဒေါ်စုစုထွန်း၊ ညွှန်ကြားရေးမှူး၊  ဖုန်းနံပါတ် ၀၉-၄၃၀၀၉၂၉၁

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ