စက်တင်ဘာလ ၁၆ ရက်နေ့မနက်တွင် တောင်သာမြို့နယ်၊ ခြုံကြီးရွာနားက အကြမ်းဖက် PDF အဖွဲ့ကို MDY ကွန်မန်ဒိုတပ်ဖွဲ့က စီးနင်းလိုက်တဲ့ဖြစ်စဉ် တစ်ခုဖြစ်ပွားခဲ့ပါတယ်။
အသေးစိတ်ပြောရရင် ခြုံကြီးမှာ ရွာ ၄ ရွာရှိပြီး အကြမ်းဖက် PDF တွေရဲ့ အနိုင်ကျင့်နှိပ်စက်မှုဒဏ်ကို မခံနိုင်တဲ့ ရွာသားတစ်ဦးက သတင်းအတိအကျပေးလို့ ဒီနေ့မနက်အာရုံတက်ချိန်မှာ ကွန်မန်ဒိုအဖွဲ့နဲ့ ဝင်ရောက်ရှင်းလင်းခဲ့ပါတယ်။ မနက် ၆ နာရီကျော် ရွာမြောက်ဘက်အရောက်မှာ အကြမ်းဖက် PDF အဖွဲ့နဲ့ ထိတွေ့တိုက်ပွဲ ၄၅ မိနစ်ခန့်ဖြစ်ပွားပြီး ဝင်ရောက်ရှင်းလင်းရာ –
(၁) အကြမ်းဖက်အလောင်း ၁ လောင်း
(၂) အကြမ်းဖက် ၄ ဦး (အရှင်မိ)
(၃) ပစ္စတို ၁ လက်/ ကျည် ၁၀ တောင့် သိမ်းဆည်းရရှိခဲ့ပါတယ်။
မနက် ၈ နာရီကျော်ခန့်မှာ နယ်မြေအသေးစိတ်ရှင်းလင်းရာ ခြောက်လှန့်ပစ်ခတ်သံ ၂ ချက်ကြားရခဲ့ပြီး အဆိုပါနေရာကို ထပ်မံဝင်ရောက်ရှင်းလင်းရာ –
(၁) မော်တော်ယာဉ် ၃ စီး
(၂) လက်လုပ်စိန်ပြောင်း ၁ လက်
(၃) ကွန်ကျူးမိုင်း ၁၁ လုံး
(၄) ၄၀ မမ ဗုံးသီး ၃ လုံး
(၅) ဒီတိုနေတာ ၂၀ ခု
(၆) ကျည်ဆန် ၁၄၀ တောင့်
(၇) ဝါယာကြိုး ၂ ခွေ ထပ်မံသိမ်းဆည်းရရှိခဲ့ပါတယ်။
ထို့နောက် မနက် ၁၀ နာရီအချိန်မှာတော့ မိမိကွန်မန်ဒိုတပ်ဖွဲ့ကို အကြမ်းဖက်သမား အများအပြားက ဝိုင်းဝန်းပိတ်ဆို့လာလို့ လေကြောင်းပစ်ကူယူပြီး ပြန်လည်ချေမှုန်းတိုက်ခိုက်ခဲ့ပါတယ်။ ကွန်မန်ဒိုအဖွဲ့ရဲ့ လက်နက်ကြီးပစ်ခတ်မှု၊ ရုပ်ဆိုးကြီးရဲ့ အနီးကပ်ပစ်ကူပေးမှုကြောင့် အကြမ်းဖက်သမားတွေဟာ သူတို့အလောင်း/လက်နက်တွေကို ရသလောက်ဆွဲပြီး ထိခိုက်ကျဆုံးများစွာနဲ့ ဆုတ်ခွာထွက်ပြေးသွား ခဲ့ကြောင်း သိရှိရပါတယ်။ ဒီဖြစ်စဉ်မှာတော့ –
(၁) အကြမ်းဖက်အလောင်း ၁၀ လောင်း
(၂) သေနတ် ၁၀ လက် သိမ်းဆည်းရရှိခဲ့ပါတယ်။ (ပုံတွေအား ထပ်မံဖော်ပြပေးပါမယ်)
ဒီနေ့ ခြုံကြီးရွာ တိုက်ပွဲတွေမှာတော့ အကြမ်းဖက်အလောင်း ၁၁ လောင်း၊ သေနတ်(ပစ္စတိုအပါ) ၁၁ လက်၊ အရှင်မိ (၄) ဦးတို့အား ရန်သူ့ထံမှ ရရှိခဲ့ပြီး မိမိဘက် ထိခိုက်မှုမရှိခဲ့ပါဘူး။ သေဆုံးအလောင်းတွေထဲမှာ တောင်သာမြို့နယ်၊ ပကဖ ဒုခရိုင်မှူးအဆင့်ရှိတဲ့ လှမျိုးကျော် (ခေါ်) အီးတီ ဆိုသူပါဝင်ကြောင်းလည်း ဒေသခံများထံမှ သိရှိရပါတယ်။
ခြုံကြီးဖြစ်စဉ်ကို ကြည့်ကြမယ်ဆိုရင် ပြည်သူတွေက အကြမ်းဖက်သမားတွေရဲ့ လှုပ်ရှားမှုသတင်းတွေကို တိတိကျကျ သတင်းပေးနိုင်မှုကြောင့် PDF တေွ အများအပြား ထိခိုက်ကျဆုံးပြီး တပ်မတော်အနေနဲ့ အကျိုးအမြတ်များစွာ ရရှိခဲ့ပါတယ်။ ဒီလိုသာ သတင်းတိတိကျကျ ပေးပို့နိုင်ပါက အကြမ်းဖက်သမားတွေ မြန်မြန်ချုပ်ငြိမ်းသွားမှာ သေချာလှပါတယ်။ ဒါကြောင့် ရွာနားကို အကြမ်းဖက်သမားတွေ ချဉ်းကပ်လာပါက လျှို့ဝှက်စွာသတင်းပေးပြီး ကိုယ့်မြို့/ရွာ ကာကွယ်ကြဖို့ ရွာသားတိုင်း ကိုယ်စီတာဝန်ရှိပါတယ်။
ယခုလို သတင်းအတိအကျပေးတဲ့ သတင်းပေးရွာသားကိုလည်း တပ်မတော်က လုံလောက်သော အစောင့် အရှောက်နဲ့ ကောင်းမွန်စွာ ဂုဏ်ပြုစောင့်ရှောက်ထားပါကြောင်းနှင့် အရှင်ဖမ်းဆီးရမိသူတွေကိုလည်း စစ်ဆေးချက်ပြုလုပ်ပြီး နယ်မြေရှင်းလင်းမှုတွေ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း MDY ကွန်မန်ဒို အဖွဲ့ကို ဂုဏ်ပြုဖော်ပြပေးလိုက်ပါတယ်။။။
တိုက်ပွဲသတင်းစုံ