သိန်းသုံးထောင်ခန့်တန်ဖိုးရှိ တရားမဝင်ပစ္စည်းတွေ ဖမ်းဆီးရမိ

ပြီးခဲ့တဲ့ အောက်တိုဘာ ၄၊ ၅၊ ၆ ရက်နေ့တွေအတွင်း သိန်းသုံးထောင်ခန့် တန်ဖိုးရှိတဲ့ တရားမဝင်ပစ္စည်းတွေ ဖမ်းဆီးရမိခဲ့တယ်လို့ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီရဲ့ ကြီးကြပ်ကွပ်ကဲမှုနဲ့ တရားမဝင်ကုန်သွယ်မှုတွေကို ဥပဒေနဲ့အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ အကောက်ခွန် ဦးစီးဌာနရဲ့ စီမံခန့်ခွဲမှုနဲ့ တာဝန်ကျပူးပေါင်းအဖွဲ့တွေက စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။

အောက်တိုဘာလ ၄ ရက်နေ့က ရွာသာကြီး Dry Port မှာ တရားဝင် စာရွက်စာတမ်း အထောက်အထားမဲ့ ကုန်ပစ္စည်းတွေနဲ့ ယာဉ်တစ်စီးနဲ့ အောက်တိုဘာ ၆ ရက်နေ့က ရန်ကုန်လေဆိပ်မှာ ခရီးသည်တစ်ဦးရဲ့ ဝန်စည်အတွင်းက အထောက်အထားမဲ့ ကုန်ပစ္စည်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၅၅,၆၀၀,၀၀၀ ကို ဖမ်းဆီးရမိခဲ့တယ်လို့ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီက ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *