အနုပညာရှင်များစွာက ကိုယ်တိုင်ကိုယ်ကျ တပ်ကုန်းမြို့အနီး ရေဘေးအတွက် လှူဒါန်း

“နှောင်” ရုပ်ရှင်ဇာတ်ကားကြီးအဖွဲ့သားတွေရဲ့ ရေဘေးအလှူအနေနဲ့ စက်တင်ဘာ ၁၄ ရက်က ဒေါက်တာမိုးဇေသာ@နေတိုးနဲ့ သစ်သစ်မေ@နော်ဖောအယ်ထားတို့ နှစ်ဦးက ကိုယ်တိုင်ကိုယ်ကျ တပ်ကုန်းမြို့အနီး ရေဘေးကျရောက်နေတဲ့ ဒေသခံတွေကို သွားရောက်တွေ့ဆုံလှူဒါန်းခဲ့ပါတယ်။

အဆိုပါ လှူဒါန်းမှုမှာတော့ သရုပ်ဆောင်တွေဖြစ်တဲ့ နေတိုး၊ တိုင်ရွန်၊ ဖြိုးငွေစိုး၊ မိုးမိုး၊ ခင်လှိုင်၊ ဖြိုးလေး၊ နော်ဖောအယ်ထား၊ ဝါဆိုမိုးဦး၊ တက္ကသိုလ်ဂွမ်းပုံ စတဲ့သူတွေက ရေဘေးသင့်ပြည်သူ ပရိသတ်တွေကို တွေ့ဆုံအားပေးစကားပြောခဲ့ကြပါတယ်။

သူတို့ကတော့ တပ်ကုန်းမြို့အနီးက ရေဘေးကျရောက်နေတဲ့ ဒေသခံလူ အရေအတွက် ၇၅၀၀ စာအတွက် တစ်ဦးကို ကျပ် ၂၃၀၀ တန်ဖိုးရှိ ထမင်းနဲ့ဟင်း တစ်ရက်စာအပြင် ဆန်အိတ်၊ သောက်ရေသန့်၊ ခေါက်ဆွဲခြောက်၊ ငါးသေတ္တာ၊ ဆီဘူး စတာ‌တွေ လှူဒါန်းခဲ့ကြပါတယ်။

အနုပညာရှင်တွေ စုပေါင်းလှူဒါန်းကြတဲ့ ကျပ် ၁၈၂ သိန်းတန်ဖို့ရှိ ပစ္စည်းတွေကို လှူဒါန်းခဲ့တာလည်းဖြစ်ပါတယ်။

ရွှေနဒီရွှေရည်_ရုပ်ရှင်ထုတ်လုပ်ရေး

နှောင်ရုပ်ရှင်ဇာတ်ကားကြီး