အောက်တိုဘာ ၃ ရက်နေ့ ညနေပိုင်းတွင် မတ္တရာမြို့နယ်၊ ကြားရွာအနီးရှိ အကြမ်းဖက် PDF (မာန်နတ်) စခန်းပုန်းအား ဒေသခံပေးသော သတင်းအရ ဝင်ရောက်ရှင်းလင်းရာ ထိတွေ့မှုဖြစ်ပွားပြီး ရန်သူ့ ဘန်ကာ ၂ လုံး သိမ်းပိုက်ရရှိ။ ဖြစ်စဉ်တွင် မိမိဘက်ထိခိုက်မှုမရှိဘဲ ရန်သူ့ထံမှ –
(၁) အကြမ်းဖက် PDF အလောင်း ၂ လောင်း
(၂) သေနတ်မျိုးစုံ ၄ လက်
(၃) ကျည်မျိုးစုံ ၄၀ တောင့်
(၄) တရုတ်လက်ပစ်ဗုံး ၁ လုံး
(၅) ကျည်အိမ် ၂ ခု
တို့အား သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရှိရပါတယ်။