မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် အချိန်(၃)ပတ်ကျော်ကြာ မြေပြို၊ တံတားကျိုး၊ ရေကြီးရေလျှံဖြစ်ကာ လမ်းပိတ်ဆို့သွားတဲ့ ပင်လောင်း-ပေါင်းလောင်း-ကင်းသာ-နေပြည်တော်လမ်းမကြီးဟာ ယခုရက်ပိုင်းမှာတော့ မော်တော် ဆိုင်ကယ်၊ ကားငယ်တွေနဲ့ ကုန်တင်ယာဥ်ငယ်တွေ ဖြတ်သန်းသွားလာလိုရပြီဖြစ်ကြောင်းသိရပါတယ်။
လမ်းပိတ်ဆို့မှု၊ ရေကြီးရေလျှံမှုနဲ့ ကြုံတွေ့ခဲ့ရတဲ့ ပေါင်းလောင်းဒေသမှာ စားသောက်ကုန်စည်တွေအပြင် လူသုံးကုန်ပစ္စည်းတွေပြတ်လတ်မှုနဲ့ကြုံနေရပြီး ကုန်စျေးနှုန်းတွေဟာလည်း ယခင်စျေးနှုန်းထက် အဆမတန်မြင့်တက်လာတယ်လို့ ဒေသခံတွေထံမှသိရပါတယ်။