လားရှိုးမှာ စစ်သွေးကြွများ ခိုအောင်းနေသည့်နေရာကို တပ်မတော်မှ ဗုံးကြဲတိုက်ခိုက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ စစ်သွေးကြွ MNDAA အဖွဲ့ဝင်များ ခိုအောင်းနေသည့် နေရာကို တပ်မတော်မှ လေကြောင်းဖြင့် ဗုံး (၃)လုံး ကြဲချကာ ထပ်မံရှင်းလင်းလိုက်ကြောင်း သိရပါတယ်။

ယနေ့ စက်တင်ဘာလ (၂၇)ရက် နံနက်(၃)နာရီ (၄၅)မိနစ်ခန့်တွင် လားရှိုးမြို့ရပ်ကွက် (၂) Green Park နားတွင် (၁)လုံး၊ မြို့မဈေး ချယ်ရီရုံတွင် (၁)လုံးနှင့် ရပ်ကွက် (၁) နယ်မြေ (၈) ရန်တိုင်း အောင်ဘက်တွင် (၁)လုံး ကြဲချကာ စစ်သွေးကြွများကို ရှင်းလင်းခဲ့ကြောင်းသိရပါတယ်။

ရပ်ကွက် (၁)နှင့် ရပ်ကွက် (၂)တွင် ကျရောက်ပေါက်ကွဲသည့် ဗုံးကြောင့် စစ်သွေးကြွ MNDAA အဖွဲ့ဝင်များ ထိခိုက်သေဆုံးမှု များပြားခဲ့သလို ၎င်းတို့ ခိုအောင်းနေသည့် အဆောက်အအုံများလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရပါတယ်။ #Crd

Leave a Reply

Your email address will not be published. Required fields are marked *