တိုက်ပွဲသတင်း(ကျိန္တလီ)

စက်တင်ဘာ ၈ ရက်၊ ၂၀၂၄ ခုနှစ်။

ရတနာမြိုင်-ကျိန္တလီမြို့ အကြား နယ်မြေလုံခြုံရေးဆောင်ရွက်စဉ် AA သကသ ၂၀ ဦးခန့်က ပစ်ခတ်သဖြင့် ပြန်လည်ပစ်ခတ်ခဲ့။
ရန်သူ့သေနတ် ၁ လက် သိမ်းဆည်းရမိခဲ့။

ဆက်လက်၍ နယ်မြေရှင်းလင်းစဉ် AA သကသ အင်အား(စိစစ်ဆဲ) အဖွဲက Drone ဖြင့် Drop Bomb ချတိုက်ခိုက်ခြင်း၊ အင်အား ၅၀ ဦးခန့်က ၁ ကြိမ်၊ အင်အား ၃၀ ဦးခန့်က ၁ ကြိမ် ပစ်ခတ်တိုက်ခိုက်သဖြင့် ပြန်လည်ပစ်ခတ်ခဲ့။
Type-63 ၁ လက် သိမ်းဆည်းရမိခဲ့။

အထက်ပါဖြစ်စဥ်များ ဖြစ်ပွားနေစဥ် ပိတ်ဆို့ ရေးအဖွဲ့ အနေဖြင့် ဆားချက်ကျေးရွာအနီး ကင်းပုန်းဝပ်စောင့်ဆိုင်းနေစဉ် ရတနာမြိုင်အနီးတိုက်ပွဲမှ ထွက်ပြေးလာသည့် AA သကသ၂ ဦးအား တွေ့ရှိသဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရာ ၁ ဦးမှာ ထွက်ပြေးသွားခဲ့ပြီး ဒဏ်ရာရရှိထားသောAA သကသ အဖွဲဝင် လင်းလင်း အား (မစိုးရိမ်ရ) ဖမ်းဆီးရမိခဲ့။