UWSAနှင့် MNDAA တပ်များ အခြေနေတင်းမာမှု ထပ်မံဖြစ်ပွား

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ဘန်ရှောင်ကျေးရွာတွင် UWSA “ဝ”တပ်နှင့် ကိုးကန့် MNDAA တပ်များ အချင်းများကာ အခြေအနေတင်းမာမှုများထပ်မံဖြစ်ပွားခဲ့ကြောင်း သိရသည်။

စက်တင်ဘာလ (၁၀)ရက်နေ့ ညနေ (၄)နာရီခန့်အချိန်တွင် ဘန်ရှောင်ကျေးရွာအဝင်ဂိတ်တွင် UWSAနှင့် MNDAA တပ်တို့ အင်အားအများအပြားဖြင့် နှစ်ဖက် အခြေအနေတင်းမာမှုများ ဖြစ်ပွားနေခြင်းဖြစ်ပြီး နမ်လျန်ထိ ကိုးကန့်တွေကို “ဝ”တွေ လိုက်မောင်းထုတ်နေတယ်။ အခုချိန်ထိ အချင်းချင်း စကားများ အဆင်မပြေသေးကြောင်းလည်း သိရှိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ(၇) ရက်နေ့၌ ဘန်ရှောင်ကျေးရွာအနီးရှိ မိုင်းယော်ကျေးရွာတွင်လည်း “ဝ”ဂိတ်၌ မခန့်လေးစားပြုလုပ်ကာ ဖြတ်ကျော်သွားသော MNDAA တပ်သား (၂)ဦးကို ပစ်ခတ်ခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။

အဆိုပါ MNDAA တပ်သား (၂)ဦး ပစ်သတ်ခံရသည့်ဖြစ်စဉ်နှင့် ပတ်သက်၍ နှစ်ဖက်တာဝန်ရှိသူများ ပြောဆိုညှိနှိုင်းမှုများ ပြုလုပ်ခဲ့ပြီး ယခုကိစ္စကို ဖုံးဖိပေးနေခဲ့ကြောင်း သိရသည်။

“ပစ်သတ်ခံရတဲ့ ဖြစ်စဉ်အနေဖြင့် အမှတ်တကယ်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပစ်တာရော၊ အလောင်းကို သယ်သွားတာရော မျက်မြင်တွေ့ခဲ့ရတဲ့ ဒေသခံပြည်သူတွေ၊ အဲ့ကရဲဘော်တွေရဲ့ ပြောပြချက်တွေက သက်သေပါ။ ဒါကို အမှန်တိုင်းမချပြပဲနဲ့ ဖုံးဖိဖို့လုပ်တဲ့သူတွေကမှ တကယ် တာဝန်ယူမှု၊ တာဝန်ခံမှုရှိရမှာပါ။”ဟုအဆိုပါ ဒေသခံပြည်သူတစ်ဦးက ပြောကြားထားသည်။

မိုင်းယော်တွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်မမှန်ကန်ပဲ နှစ်ဖက်ဆက်ဆံရေးကောင်းမွန်ကြောင်း ဖြေရှင်းချက်ပေးပြီးသည့်နောက် မိုင်းယော်အနီးရှိ ဘန်ရှောင်ကျေးရွာတွင် ယခုကဲ့သို့ အငြင်းပွားမှု ထပ်မံဖြစ်ပွားခဲ့ခြင်းဖြစ်သည်။