🌷ယူတတ်ရင် ရပါတယ်🌷
ကုသိုလ်ဆိုတာ
ယူတတ်ရင်ရပါတယ်။
ကုသိုလ်လိုချင်တဲ့စိတ်လေး
ရှိဖို့ပဲလိုတာပါ။
လှူချင်လိုက်တာ
ပေးချင်လိုက်တာ
ကူညီချင်လိုက်တာဆိုတဲ့
ပထမစေတနာ မနောစိတ်က
ကုသိုလ်စိတ်ဖြစ်တဲ့အတွက်
မနောကံကုသိုလ်ဖြစ်နေပါပြီ။
ကာယကံ၊ဝစီကံ၊မနောကံဆိုတဲ့
ကံသုံးပါးထဲမှာ
မနောကံကအလုပ်ရှင်ပါ။
ဝစီကံ နဲ့ ကာယကံက အလုပ်သမား
တွေပေါ့။
ဘယ်အလုပ်မဆို
အလုပ်ရှင်နှင့်အလုပ်သမား
ကံသုံးပါးနဲ့ပြုမူလုပ်ဆောင်မှသာ
ပြီးမြောက်အောင်မြင်ပြီး
ပြည့်စုံခြင်းဆိုတာဖြစ်လာမှာပါ။
ကံတစ်ခုချင်းစီက
ကုသိုလ်ဖြစ်နေပေမယ့်
ပြီးမြောက်အောင်မြင်ပြီး
ပြည့်စုံတဲ့ကောင်းကျိုးတွေ
ခံစားရရှိနိုင်ဖို့ဆိုရင်
ကံသုံးပါနဲ့ညီညွတ်မှသာ
ပြည့်စုံတဲ့ကောင်းကျိုးတွေ
ခံစားခွင့်ရရှိနိုင်မှာဖြစ်ပါတယ်။
မေတ္တာဖြင့်
အရှင်ဇဝန(လယ်ဝေး)