PCT ရဲ့ ၂ နှစ်ပြည့်အချိန်အခါလေးကိုရောက်ရှိလာခဲ့ပါပြီ

ယနေ့ ၉-၉-၂၀၂၄ ရက်နေ့ဟာဆိုရင် ကျွန်မတို့ရဲဝံ့စွန့်စား ပြည်ချစ်သားရဲ့ ၂ နှစ်ပြည့်မြောက်တဲ့ နေ့လေးကို ရောက်ရှိလာခဲ့ပြီပဲ ဖြစ်ပါတယ်။ ၂ နှစ်တာ အချိန်အတောအတွင်းမှာ ရဲဝံ့စွန့်စား ပြည်ချစ်သားသို့ လာရောက်ရင်ဖွင့်ဆွေးနွေးအကူအညီတောင်းခံလာတဲ့ မိသားစုဝင်များကိုလည်း ကျွန်မတို့ ရဲဝံ့စွန့်စား ပြည်ချစ်သားအဖွဲ့သားများက သက်ဆိုင်ရာရုံး/ဌာနများနှင့် ချိတ်ဆက်၍ ကူညီဖြေရှင်း ဆောင်ရွက်ပေးခဲ့မှုများလည်း ရှိခဲ့ပါတယ်။ မိသားစုဝင်များအတွက် တစ်ဖက်တစ်လှမ်းမှ ကူညီပေးနိုင်ခဲ့တဲ့အတွက်လည်း ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ PCT ရဲ့ ၂ နှစ်ပြည့်မှသည် နောက်များတွင်လည်း မိသားစုဝင်များရဲ့ ရင်ဖွင့်ဆွေးနွေးအကူအညီတောင်းခံမှုများ ပိုမိုကူညီပေးနိုင်ရေး ကျွန်မတို့အဖွဲ့သားများက ကြိုးစားဆောင်ရွက်သွားမှာဖြစ်ပါကြောင်း သတင်းစကားပါးပေးလိုက်ပါတယ်…