ကဆုန်လပြည့် ဗုဒ္ဓနေ့

ကဆုန်လပြည့်နေ့ သည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ကြီး ဖြစ်ပေသည်။ အတိုကောက်အားဖြင့်တော့ ဗျာ၊ ဖွား၊ ပွင့်၊ စံ လို့သတ်မှတ်ကြပါတယ်။

🏵️ဗျာ-ကဆုန်လပြည့်နေ့မှာ ဗျာဒိတ်တော်ကိုခံယူတော်မူပါသည်။

🏵️ဖွား – က‌ဆုန်လပြည့်နေ့(မဟာသက္ကရာဇ် ၆၈ ခုနှစ်)မှာ ဖွားမြင်တော်မူပါသည်။

🏵️ပွင့် – က‌ဆုန်လပြည့်နေ့(မဟာသက္ကရာဇ်-၁၀၃ ခုနှစ်)မှာ ဘုရားပွင့်တော်မူပါသည်။

🏵️စံ – က‌ဆုန်လပြည့်နေ့(မဟာသက္ကရာဇ်-၁၄၈)မှာ ပရိနိဗ္ဗာန်စံဝင်တော်မူပါသည်။
ဤသို့ ထူးခြားချက် (၄) ရပ်နှင့် ပြည့်စုံသဖြင့် ဗုဒ္ဓဘာသာဝင်အပေါင်းတို့က ကဆုန်လပြည့်နေ့အား ဘုရားနေ့ဟု သတ်မှတ်ခဲ့ကြပါသည်။

ဘုရားရှင်သည် ဤနေ့ဤအခါ၌ သဗ္ဗညုတရွှေဉာဏ်တော်ကို ရတော်မူရန်အတွက် ဗောဓိပင်အား အမှီပြု၍ တရားအားထုတ်တော်မူခဲ့သည့်အတွက် ကဆုန်လပြည့်နေ့ရောက်တိုင်း ဗုဒ္ဓဘာသာဝင်အပေါင်းတို့က ဗောဓိပင်အား ရေသွန်းလောင်းခြင်းစသော ကုသိုလ်ကောင်းမှုတိုကို ပြုလုပ်လေ့ရှိကြပါတယ်။ #Crd

Posted in Uncategorized