ကျောက်တော်မြို့နယ်၊ ကန်စောက်ကျေးရွာရှိ တပ်စခန်းအား ဝိုင်းဝန်းတိုက်ခိုက်နေတဲ့ ထွန်းမြတ်နိုင်ရဲ့ AA ခဲဝါအဖွဲ့တွေဟာ စစ်တပ်က မြေပြင်နဲ့ လေကြောင်းမှ ဟန်ချက်ညီပြန်လည်တိုက်ခိုက်မှုကြောင့် အများအပြားသေဆုံးကုန်ပြီး အလောင်းတွေကို ကောက်လို့မနိုင်တော့တဲ့အတွက် အနီး၀န်းကျင်က တစ်ရွာကို ရွာသား ၂၀ ဦးတောင်းယူကာ အလောင်းတွေကောက်ခံတယ်၊ ပြီးတော့ ကာဘူးကျေးရွာဘက်ကိုသယ်ဆောင်ခိုင်းပြီး မြေမြုပ်ခိုင်းတယ်၊ တစ်ရက်ကို အနည်းဆုံး AA အလောင်း ၁၀၀ လောက်ကောက်ယူသယ်ဆောင်ပေးရတယ်လို့ သိရပါတယ်။
ထွန်းမြတ်နိုင်ဟာ ရခိုင်လူငယ်လူရွယ်တွေကို အတင်းဖမ်းဆီးပြီး ရက်တိုသင်တန်းပေးကာ မူးယစ်ဆေးဝါးသုံးစွဲခိုင်းပြီး တိုက်ပွဲတွေမှာ အတင်းတိုက်ခိုင်းတော့ သေလိုက်တဲ့ AA အဖွဲ့တွေ နောက်ဆို ရခိုင်ပြည်မှာ ရခိုင်လူမျိုးတောင်ကျန်မှာမဟုတ်တော့ဘူးလို့ သိရှိပါတယ်။