ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အမှတ်(၁)စစ်အခြေခံ လေ့ကျင့်ရေးတပ်သို့သွားရောက်ကြည့်ရှု

ဇွန်လ ၁၁ ရက်နေ့ ယနေ့နံနက်ပိုင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် အမှတ်(၁)စစ်အခြေခံ လေ့ကျင့်ရေးတပ်သို့သွားရောက်ခဲ့ပြီး ပြည်သူ့စစ်မှုထမ်းသင်တန်းသားများနှင့်ပတ်သက်၍ သင်ကြားရေး၊ နေထိုင်ရေးနှင့် စားသောက်ရေးဆိုင်ရာများ လစ်ဟာမှုမရှိစေရေး လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး သင်တန်းသားများနှင့် တွေ့ဆုံကာ အားကစားပစ္စည်းများနှင့် အစားအသောက်များ ထောက်ပံ့ပေးအပ်ခဲ့တယ်လို့သိရပါတယ်။

Posted in Uncategorized