ကုလသမဂ္ဂတွင် PDF များအကြောင်း ရုရှားပြောပြီ

မြန်မာနိုင်ငံရှိ လက်နက်ကိုင်အဖွဲ့များသည် “Civil Disobedience Movement” တွင် ပါဝင်ရန်ငြင်းဆန်ပြီး အစိုးရလုပ်ငန်းများဆက်လက်လုပ်ကိုင်နေသည့် ဆရာ ဝန်များအပါအဝင် ကျန်းမာရေးဝန်ထမ်းများ၊ ကျောင်းဆရာ၊ ဆရာမများနှင့် ဒေသဆိုင်ရာအုပ်ချုပ်ရေးအာဏာပိုင်များကို သတ်ဖြတ်ခြင်း၊ ထိခိုက်နစ်စေရန် လုပ်ဆောင်ခြင်းများ ဆောင်ရွက်လျက်ရှိနေကြောင်း ရုရှားသံအမတ်ကြီးက ကုလသမဂ္ဂတွင် ကျင်းပခဲ့သော မြန်မာလူငယ်နှင့်ကလေးငယ်များအရေး တွေ့ဆုံဆွေးနွေးပွဲတွင် ပြောဆိုခဲ့ကြောင်း သိရပါတယ်။

ထို့ပြင် မြန်မာနိုင်ငံ၏ လက်ရှိအခြေနေများသည် နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ခြိမ်းခြောက်မှုရှိနေသည်ဟု မယုံကြည်ကြောင်းစသဖြင့် ပြောကြားခဲ့တယ်လို့သိရပါတယ်။ #Crd

Posted in Uncategorized