မေလ ၂၀ ရက်နေ့မှ စတင်၍ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် ဓာတ်မီးတိုင်များကို ပြန်လည်စိုက်ထူကာ လျှပ်စစ်ကြိုးများ ပြင်ဆင်တပ်ဆင်ခြင်း ဆောင်ရွက်နေကြောင်း သိရှိရပါတယ်
အကြမ်းဖက် KNU/PDF များကြောင့် ပျက်စီးခဲ့သော ကော့ကရိတ်မြို့ကို ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေပြီး ရပ်ကွက်များအတွင်း ဓာတ်တိုင်များနှင့် ဓာတ်ကြိုးများသွယ်တန်းခြင်းကို ဆောင်ရွက်လျက်ရှိကြောင်း၊ ဓာတ်အားလိုင်းကြိုးများနှင့် မလွတ်သော သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းများ ဆောင်ရွက်လျက်ရှိကြောင်းဒေသခံတစ်ဦးထံမှ သိရှိရပါတယ်ရှင်
ဒေသခံတစ်ဦးမှ-
“ပြန်လည်ထူထောင်ရေးကတော့ အရှိန်မြင့်ဆောင်ရွက်နေတာ တွေ့ရတယ်..
ဓာတ်ကြိုးတွေ ပြန်တပ်တယ်.. ဓာတ်တိုင်တွေ အသစ်လဲတာ ပြင်တာတွေလည်း ရှိတယ်..အခု မီးကြိုးတွေ တပ်ပြီးပါပြီ”ဟု သိရှိရပါတယ်