ဇွန်လ ၁၂ ရက်၊ နံနက် ၇ နာရီခွဲ အချိန်ခန့်က မူးယစ်ဆေးဝါးသတင်းအရ ကျိုက်မရောမြိုနယ်၊ လက်ပံ ကျေးရွာ၊ လမ်းအမည်(မရှိ)၊ အိမ်အမှတ်(၂၈၃)နေ ဇော်မင်းထွန်း၊ ၃၆ နှစ်၊ (ဘ)ဦးဘညိမ်း၊ ၁၀/ ကမရ (နိုင်) ၁၉၁၇၀၃၊ မွန်/ဗုဒ္ဓ၊ ကျဘမ်းလုပ်သူ၏နေအိမ်သို ဝင်ရောက်ရှာဖွေရာ ဇော်မင်းထွန်း၏ ခန္ဓာကိုယ်တွင် ဝတ်ဆင်ထားသည့် NIKE စာတမ်းပါ ဖြူ/နက်ပြာရောင် ဘောင်းဘီတို ယာဘက်အိတ်ကပ်အတွင်းမှ အဖုံးပိတ်လျှက် အနက်ရောင်ပလက်စတစ်ဘူးအတွင်းထည့်ထားသည့် WY စာတမ်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား(၂၉၅)ပြား၊ အလေးချိန်(၂၉.၅)ဂရမ်ခန့်၊ ဆေးပြား(၁)ပြားလျှင် ကာလတန်ဖိုး (၂၀၀ဝိ/-)နှုန်းဖြင့် စုစုပေါင်းကာလတန်ဖိုး (၅၉၀၀၀ဝိ/-)၊ စိတ်ကြွဆေးပြားသုံးစွဲရာတွင် အသုံးပြု သော မီးကျွန်းခဲပြားစ(၂)ခု၊ စိတ်ကြွဆေးပြားသုံးစွဲရာတွင် အသုံးပြုသော ဝါးပြောင်းငယ်၉၁)ခုတိုအား သိမ်းဆည်းရမိခဲ့ပြီး သက်ဆိုင်ရာမူးယစ်ဥပဒေပုဒ်မများအရ အမှုဖွင့်အရေးယူမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
#Crd_Saw Ba Maung