ကျိုင်းတုံမြို့၌ အများပြည်သူစိတ်အနှောင့်အယှက်ဖြစ်စေသည့် အသံကျယ်လောင်သဖြင့် ဖမ်းဆီးထားသော ဆိုင်ကယ်ပါဝါအိတ်ဇောများအား ဒီဇင်ဘာ ၉ ရက်(ယနေ့)နံနက်ပိုင်းက ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။
ဖမ်းဆီးရမိထားသည့် ဆိုင်ကယ်ပါဝါအိတ်ဇော်များအား ကျိုင်းတုံမြို့၊ အမှတ်(၁)ရပ်ကွက်၊ နောင်ရေးလမ်းရှိ ယာဥ်ထိန်းရဲတပ်ဖွဲရုံးရှေ့၌ လမ် ကြိတ်စက်ဖြင့် ကြိတ်၍ ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။
ကျိုင်းတုံမြို့၌ အသံဆူညံမှုကြောင့် အများပြည်သူများ စိတ်အနှောက်ယှက်ဖြစ်စေသည့် ဆိုင်ကယ်ပါဝါအိတ်ဇောတပ်ဆင်မောင်းနှင်သည့် ဆိုင်ကယ်များအား ဖမ်းဆီးခြင်း၊ ဆိုင်ကယ်အပိုပစ္စည်းအရောင်းဆိုင်များမှ ပါဝါအိတ်ဇောများအား သိမ်းဆည်းအရေးယူခြင်းတို့ကို တာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိသည်။