ချမ်းသာကြောင်းတရား

ဘယ်တရားကိုလိုက်နာကျင့်သုံးလို့ရှိရင်
ကောင်းစွာကျင့်သုံးလို့ရှိရင်
ချမ်းသာ သုခရသလဲဆိုတော့
မြတ်စွာဘုရားကဖြေတယ်
“ဓမ္မော သုစိဏ္ဏော သုခမာဝဟတိ”
မင်း ဓမ္မကိုကျင့်သုံး၊
ဓမ္မကိုကျင့်သုံးလို့ရှိရင် ချမ်းသာကို
ရလိမ့်မယ်။
ဒါဖြင့် ဓမ္မဆိုတာ ဘာတွေလဲလို့မေးမယ်ဆိုရင် အခြေခံက စပြောရရင်
ပါဏာတိပါတမှ ရှောင်တာ ဓမ္မ၊
အဒိန္နာဒါနာမှ ရှောင်တာ ဓမ္မ၊
ကာမေသုမိစ္ဆာရ က ရှောင်တာ ဓမ္မ၊
ဒီလိုဆိုလိုတယ်၊
သုစရိုက်တရား(ဆယ်ပါး)၊
ကုသိုလ် ကမ္မပထတရား(၁၀)ပါးကို
ဓမ္မလို့ ခေါ်တယ်၊
ဓမ္မနဲ့ အဓမ္မ၊
ဓမ္မဆိုတာ ဒုစရိုက်(၁၀)ပါးမှရှောင်တဲ့
သုစရိုက်(၁၀)ပါး၊
အဓမ္မဆိုတာ ဒုစရိုက်(၁၀)ပါးကို ခေါ်တာ။
တို့တစ်တွေဟာ ဓမ္မကို လုပ်နေတာလား၊
အဓမ္မကို လုပ်နေတာလား၊
ကိုယ့်ကိုကိုယ် ဆန်းစစ်ကြည့်ပေါ့၊
ကာယဒုစရိုက် (၃ )ပါး လုပ်နေလို့ရှိရင်
အဓမ္မ၊ ဝစီဒုစရိုက်(၄)ပါး ကျူးလွန်နေရင် အဓမ္မ၊ မနောဒုစရိုက်(၃)ပါး မိမိသန္တာန်မှာ
ဖြစ်နေမယ်ဆိုရင် ဒါ အဓမ္မပဲ။
သူစရိုက်တွေဖြစ်နေပြီဆိုရင်တော့
ဓမ္မပဲလို့ ဒီလိုဆိုလိုတာ။
အဲဒီ ဓမ္မဆိုတဲ့ ကုသိုလ် ကမ္မပထတရား
(၁၀)ပါးကို ကောင်းစွာကျင့်သုံးလိုက်နာတဲ့ပုဂ္ဂိုလ်ဟာ ချမ်းသာသုခရတယ်။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ
🙏🙏🙏

Posted in Uncategorized