စစ်ပွဲစကတည်းက ယနေ့အချိန်အထိ ယူကရိန်းပစ်မှတ် ၁၂,၀၀၀ ကို ရုရှားတပ်တွေ တိုက်ခိုက်ခဲ့ဟု ယူကရိန်းပြော

ရုရှားတပ်တွေဟာ ၂၀၂၂ ခုနှစ် ကျူးကျော်ချိန်ကစပြီး ယနေ့အချိန်အထိ ယူကရိန်းအဆောက်အဦ ၁၂,၀၀၀ နီး ပါးကို တိုက်ခိုက်ခဲ့ကြောင်း ယူကရိန်းစစ်ဦးစီးချုပ် အိုလက်ဇန္ဒားဆီစကီးက ပြောကြားလိုက်ပါတယ်။

အဲဒီပစ်မှတ်တွေအနက် ပစ်မှတ် ၅,၆၇၆ ခုသာ စစ်ဘက်ဆိုင်ရာပစ်မှတ်ဖြစ်ပြီး ကျန်တဲ့ပစ်မှတ်အများစုက အရပ် ဘက်အခြေခံအဆောက်အအုံတွေဖြစ်ကြောင်း ကွန်ဂရက်လွှတ်တော်မှာ တင်ပြတဲ့အစီရင်ခံစာမှာ ထည့်သွင်း ဖော်ပြထားပါတယ်။

ရုရှားတပ်တွေဟာ စုစုပေါင်း ဒုံးကျည်ပေါင်း ၉၅၉၀ စင်းနဲ့ ဒရုန်းပေါင်း ၁၃,၉၉၇ စင်း အသုံးပြုပြီး ယူကရိန်းကို တိုက်ခိုက်ခဲ့ရာ အဲဒီဒုံးကျည်နဲ့ ဒရုန်းတွေအနက် ဒုံးကျည် ၂,၄၂၉ စင်း နဲ့ ဒရုန်း ၅,၉၇၂ စင်း ကို ကြားဖြတ် တိုက်ခိုက်ပစ်ချနိုင်ခဲ့ကြောင်းသိရပါတယ်။ #Crd

Posted in Uncategorized