စည်းစည်းလုံးလုံးနဲ့အမြန်ဆုံးပြန်နိုးထကြမယ်

ကျွန်တော် ၉ တန်းကျောင်းသားအရွယ်က စာအုပ် တစ်အုပ်မှာ ဖတ်ခဲ့ဖူးတဲ့ အင်္ဂလိပ်စကားပုံ လေး တစ်ခုကို ပြန် သတိရမိတယ်။ ဒီစကားပုံလေးက ” ငါတို့ရဲ့ ဂုဏ်သိက္ခာဟာ ဘယ်တော့မှ လဲမကျဘူးဆိုတဲ့ အချက် ပေါ်မှာမူတည်ပြီး အသက်ရှင်နေတာမဟုတ်ဘူး။ ဘယ်လောက်ပဲ လဲကျ လဲကျ လဲကျ တိုင်းမှာ ပြန်နိုးထ နိုင်တယ် ဆိုတဲ့အချက် ပေါ်မှာ မူတည်ပြီး အသက်ရှင်နေတာတဲ့”

စိတ်ခွန်အားဖြစ်စေတဲ့ ကျွန်တော်အကြိုက်ဆုံး စကားပုံလေးတစ်ခု ပေါ့။

ကျောင်းသားဘဝ ငယ်ငယ်ရွယ်ရွယ်နဲ့ အဲဒီစကားပုံလေးကို ဖတ်လိုက်ရတဲ့ကျွန်တော်ဟာ ဘဝ လဲကျမှုတွေ လဲပြိုမှု တွေ ရှုံးနိမ့်မှုတွေ အခက်အခဲတွေ ရင်ဆိုင်ရတိုင်း ဒီစကားပုံကို ကျွန်တော် ပြေးမြင်ပြီး ကျွန်တော့်ကို ကျွန်တော် အကောင်းဆုံးအားတင်ထားကာ ရုန်းကန် ထပါတယ်။

အခုလည်း ကျွန်တော်တို့ တိုင်းပြည်ဟာ အဆိုးရွာဆုံး အခြေအနေတစ်ခုကို ဖြတ်သန်းနေရပါတယ်။ လက်တလောလဲကျမှုတွေဟာ တဒင်္ဂ အခိုက်အတန့်ကာလတိုလေး တစ်ခုကို ပြည်သူတွေရော တပ်မတော် ပါ ခက်ခက်ခဲခဲနဲ့ ရုန်းကန်နေကြရပါတယ်။ ဒါကြောင့် ကျွန်တော်တို့တွေ ပြန်နိုးထ ကြဖို့လိုပါတယ်။ ပြန်ပြီး ရုန်းကန်ထ ကြရပါမယ်။

သာမာန်မဟုတ်တဲ့ ပြည်ပ ကျူးကျော်စစ်ကြီးတစ်ခုကို ကျွန်တော်တို့ ခေတ်မှာ ခက်ခက်ခဲခဲနဲ့ ဖြတ်သန်းနေ ရတယ်။ ဒါကြောင့် ပြည်သူလူထုကို ကျွန်တော်ပြောချင်တာက ကျွန်တော်တို့တွေ စည်းလုံးကြဖို့လိုတယ်။ သန်မာကြဖို့လိုတယ်။ စိတ်ဓာတ်ခွန်အားတွေ မြင့်မားနေဖို့ လိုတယ်။ အမြန်ဆုံးနဲ့ အကောင်းဆုံးပြန်နိုးထကြ ဖို့ တိုက်တွန်းချင်တယ်။

ဒီတစ်ကြိမ်ပြန်နိုးထနိုင်မှသာ ကျွန်တော်တို့ သမိုင်းကို ကျွန်တော်အဖတ်ပြန်ဆယ်နိုင်မယ်။ ကျွန်တော်တို့ လူမျိုးကို ကျွန်တော်တို့ ပြန် ကာကွယ်စောင့်ရှောက်နိုင်မယ်။ ကျွန်တော်တို့ရဲ့ ဘာသာ သာသနာကို မမှေးမှိန်အောင် ပြန်လည်စောင့်ရှောက်နိုင်မှာ ဖြစ်တယ်။ ကျွန်တော်တို့ နိုင်ငံကို ကျွန်တော်တို့ ကာကွယ် နိုင်မှာ ဖြစ်တယ်။

ဒါ့ကြောင့် ကျွန်တော်တို့သမိုင်းက ကျွန်တော်တို့ခေတ်မှာ မရိုင်းရအောင် ကျွန်တော်တို့ နိုင်ငံသားတိုင်းက ကျူးကျော်ရန်သူတွေကို စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ ကာကွယ်စောင့်ရှောက်ကြရမယ်။

အကောင်းဆုံးကို မျှော်လင့်ထားပါ။ အဆိုးဆုံး ဖြစ်လာခဲ့ရင်လည်း ဗြိတိသျှဝန်ကြီးချုပ် ဝင်စတန်ချာချီ ပြောသလိုပဲ၊ ကျွန်ုပ်တို့ကို ကျူးကျော်လာတဲ့ရန်သူမှန်သမျှကို “မြေပြင်ကလည်း တိုက်မယ်၊ ရေပြင်ကလည်း တိုက်မယ်၊ ဝေဟင်ကလည်း တိုက်မယ် ၊ လမ်းကြိုလမ်းကြားကလည်း တိုက်မယ်၊ အိမ်ကြို အိမ်ကြားကလည်းတိုက်မယ်၊ ကျွန်ုပ်တို့ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကြီး အနှစ် ထောင်သောင်းမက တည်တံ့ဖို့ နေရာစုံကနေ ပုံစုံမျိုးစုံနဲ့ တိုက်မယ် “ဆိုတဲ့အတိုင်း နိုင်ငံသားတိုင်း ပြည်သူတိုင်းက ပြင်ဆင် တွန်းလှန် တိုက်ခိုက်ကြဖို့တိုက်တွန်းနှိုးဆော်ချင်ပါတယ်။

မိစ္ဆာကျူးကျော်ရန်သူအကြမ်းဖက်သမား တွေ ကျဆုံးပါစေ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး အချုပ်အာဏာပိုင်နက်နယ်မြေ တစ်လမမှ မဆုံးစေဘဲ ကမ္ဘာတည် သရွေ့ တည်တံ့ပါစေ

ပြည်သူနဲ့ တပ်မတော်က ပူးပေါင်းဆင်နွှဲနေတဲ့ တရားသောစစ်အောင်ပါစေ

မြန်မာပြည်သူများ စည်းစည်းလုံးလုံးနဲ့ အမြန်ဆုံး ပြန်လည် နိုးထနိုင်ပါစေ။

အောင်နိုင်သူ ( ဇွဲကပင် )

Posted in Uncategorized