စာသင်ကျောင်းကို အကြမ်းဖက်များမှ ဒရော့ဗုံးချ၍ ကျောင်းသား/ကျောင်းသူများ ဒဏ်ရာရ

အောက်တိုဘာ ၂၄ ရက် (မနေ့) နေ့လည်အချိန်က မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သရက်ကန်ရွာရှိ စာသင်ကျောင်းအား အကြမ်းဖက် PDF များက ယုတ်မာရက်စက်စွာ Drop Bomb ၄ လုံးချ တိုက်ခိုက်ခဲ့ပါတယ်။ ဆရာ/ဆရာမ ၁၄ ဦး၊ ကျောင်းသား/သူ ၈၀ ဦးတို့ စာသင်နေစဉ် ဗုံးချတိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိုတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများနှင့် ဒေသခံအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ –
(၁) ဒေါ်ရွှေရည်ဝင်း (ဆရာမ) (မစိုးရိမ်ရ)
(၂) မောင်ပိုင်ပိုင်ဟိန်းထွန်း (ကျောင်းသား) (မစိုးရိမ်ရ)
(၃) မလှအင်ကြင်း (ကျောင်းသူ) (မစိုးရိမ်ရ)
(၄) မနှင်းဝေရီ (ကျောင်းသူ) (မစိုးရိမ်ရ)
(၅) မရွှန်းလဲ့ဝေ (ကျောင်းသူ) (မစိုးရိမ်ရ)
(၆) ဒေါ်မာဌေး (ဒေသခံ) (မစိုးရိမ်ရ)ဒဏ်ရာအသီးသီး ရရှိခဲ့ပါတယ်။

တိုင်းပြည်ရဲ့အနာဂတ်ဖြစ်တဲ့ ပညာရေးကဏ္ဍကို တိုက်ခိုက်မှုသည် အလွန်အောက်တန်းကျ၊ ယုတ်မာရက်စက်တဲ့ အကြမ်းဖက်လုပ်ရပ်ဖြစ်ပြီး ထိုလုပ်ရပ်များကို မှတ်တမ်းတင် ထားရှိကာ ပြင်းပြင်းထန်ထန် အရေးယူမည်ဖြစ် ကြောင်း သိရှိရပါတယ်။

Posted in Uncategorized