ဩဂုတ်လ ၄ ရက်နေ့ ၀၈၀၀ နာရီတွင် ပခုက္ကူမြို့မှ ရေစကြိုမြို့သို့ စားအုံးဆီများသယ်ဆောင်လာသည့် ဦးဝင်းလွင်(၄၂)နှစ်၊ အမှတ်(၇)ငါးရာပြည့်ရပ်ကွက်၊ ရေစကြိုမြို့နေသူ မောင်းနှင်လာသည့် ယာဉ်အမှတ်၊ 6F/8447 အမျိုးအစား Nissan (အပြာရောင်) ၁၂ ဘီးယာဉ်ဖြင့် စားအုံးဆီပေပါ ၉၀ လုံးအား ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။
၎င်းနှင့်အတူ ဦးဝင်းမြင့်အောင်(၄၅)နှစ်၊ အညာတောကျေးရွာ၊ ရေစကြိုမြို့နယ်နေသူ မောင်းနှင်လာသည့် ယာဉ်အမှတ်၊ 5L/9009 အမျိုးအစား Nissan (အဖြူရောင်) ၁၂ ဘီးယာဉ်ဖြင့် စားအုံးဆီပေပါ ၉၀ လုံးအား လည်းကောင်း၊
ဦးဖိုးဇင်(၄၀)နှစ်၊ ဖူလုံကျေးရွာ၊ ရေစကြိုမြို့နယ်နေသူ မောင်းနှင်လာသည့် ယာဉ်အမှတ်၊ 6B/5867 အမျိုးအစား Nissan(အဖြူရောင်) ၁၂ ဘီး ယာဉ်ဖြင့် စားအုံးဆီပေပါ ၉၀ လုံးအား လည်းကောင်း၊
ဦးမင်းမင်းထွန်း(၃၀)နှစ်၊ အမှတ်(၂)ရန်ကင်းရပ်ကွက်၊ ရေစကြိုမြို့နေသူ မောင်းနှင်လာသည့် ယာဉ်အမှတ်၊ 9F/8773 အမျိုးအစား Nissan (အစိမ်းရောင်) ၁၂ ဘီး ယာဉ်ဖြင့် စားအုံးဆီပေပါ ၉၀ လုံးအား လည်းကောင်း၊
ဦးဇင်မင်းသူ(၃၂)နှစ်၊ အမှတ်(၂)ရန်ကင်းရပ်ကွက်၊ ရေစကြိုမြို့နေသူ မောင်းနှင်လာသည့် ယာဉ်အမှတ်၊ 1G/1614 အမျိုးအစား Hino(အဖြူရောင်) ၁၂ ဘီး ယာဉ်ဖြင့် စားအုံးဆီပေပါ ၇၀ လုံးအား လည်းကောင်း၊ ရေစကြိုမြို့နယ်၊ ကြီးကန်ကျေးရွာနှင့် ကံသစ်ကျေးရွာ အကြား၌ PDF အကြမ်းဖက်အဖွဲ့ (စိစစ်ဆဲ)အင်အား ၃၀ ဦးခန့်မှ ယာဉ်များအား ရပ်တန့်စစ်ဆေးခဲ့ပြီး ခွေးမြုပ်ကျေးရွာဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရသည်။