ဆံပင်ဟာ လူရဲ့ဒုတိယမျက်နှာပဲဖြစ်ပါတယ်။ ဆံပင်တွေဖွာနေမယ်၊ မွဲခြောက်ခြောက်ဖြစ်နေမယ်ဆိုရင်
ဘယ်ယုံကြည်မှုရှိပါ့မလဲနော်။ ဒါကြောင့် ဆံနွယ်လေးတွေ မည်းနက်ဖြောင့်စင်းနေစေဖို့
သဘာဝနည်းလမ်းများကို ဖော်ပြပေးလိုက်ရပါတယ်ရှင်
(၁) နွားနို့ ၊ ကြက်ဥ နှင့် ပျားရည်
ပထမဦးစွာ နွားနို့ စားပွဲတင်ဇွန်း ၂ ဇွန်းနဲ့ရောစပ်ပြီး ကြက်ဥကိုထည့်ပါမယ်။
အဲ့ဒီနောက် ကောင်းစွာရောမွှေပြီး ဆံသားကို သုတ်လိမ်းပေးရပါမယ်။
ဆံပင်အားလုံးကို နှံ့သွားရင် ဆံပင်အုပ်တဲ့ ခေါင်းစွပ်ဖြင့်အုပ်ပြီး ၁၀ မိနစ်ခန့် ထားပေးပါ။
အဲ့ဒီ့နောက် ဆံပင်ကို ခေါင်းလျှော်ရည်နဲ့ လျှော်ချလိုက်ရပါမယ်။
(၂) ရှားစောင်းလက်ပက်နဲ့ အုန်းဆီ
ရှားစောင်းလက်ပက်အထဲကအနှစ်ကို အုန်းဆီနဲ့ ဆတူရောပြီး ကြိတ်မွှေပေးပါ။
ဆံသားကို သေချာနှံ့နေအောင် လိမ်းပြီး တစ်နာရီထားပါ။ ပြီးရင်တော့ ကြိုက်နှစ်သက်ရာ
ခေါင်းလျှော်ရည်နဲ့ ခေါင်းလျှော်လိုက်ရုံပါပဲ။
(၃) အုန်းနို့နဲ့ ဆန်မှုန့်
အုန်းနို့ခွက်တစ်ခွက်စာကို ဆန်မှုန့် စားပွဲတင်ဇွန်း ၂ ဇွန်းနဲ့ သမအောင်ရောမွှေပြီး ဆံသားမှာ
သုတ်လိမ်းပေးရမှာဖြစ်ပါတယ်။ ၁ နာရီလောက်ထားပြီးရင်တော့ ခေါင်းလျှော်ရည်နဲ့
ခေါင်းလျှော်ချလိုက်ရမှာ ဖြစ်ပါတယ်။
အထက်ပါနည်းလမ်းတွေကို တစ်ပတ်မှာ တစ်ကြိမ်လုပ်ပေးရုံနဲ့ ဖြောင့်စင်းနေတဲ့
ဆံနွယ်လေးတွေကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။