ဇူလိုင်လ ၆ ရက်နေ့ တိုက်ပွဲသတင်းများ

ဇူလိုင် ၆ ရက်၊ ၂၀၂၄ ခုနှစ်။

လားရှိုး

လားရှိုးမြို့နယ်၊ ၆ မိုင်စခန်းအား MNDAA သကသ အင်အား ၁၀၀ ခန့်က Drop Bomb အလုံး ၃၀ ကျော် ကြဲချပြီး လက်နက်ကြီး/ငယ်များဖြင့် ဝင်ရောက်တိုက်ခိုက်သောကြောင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး ရန်သူ အရှေ့ဘက်သို့ ဆုတ်ခွာသွားခဲ့။ ရန်သူဆုတ်ခွာရာနေရာအား မိမိ Drone များဖြင့် လိုက်လံချေမှုန်းခဲ့ကြောင်း သိရှိရ။ ဖြစ်စဉ်တွင် မိမိစစ်သည် ၁ ဦး ဒဏ်ရာရရှိပြီး MNDAA အလောင်း ၂ လောင်း၊ M-79 ဗုံးပစ်လောင်ချာ ၁ လက် သိမ်းဆည်းရရှိ။

(ဆုတ်ခွာရန်သူအား Drone ဖြင့် လိုက်လံချေမှုန်းမှုအား စုံစမ်းဆဲဖြစ်)

လားရှိုးမြို့နယ်၊ ကုန်းညောင်ဒေသရှိ ကာကင်းကုန်းတစ်ခုအား MNDAA သကသအဖွဲ့မှ အဝေးမှ Drone ဖြင့် Drop Bomb ချ တိုက်ခိုက်သဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရ။ မိမိဘက် ထိခိုက်မှုမရှိဘဲ ရန်သူ့ Drone ၂ စီးအား ပစ်ချ ဖျက်ဆီး နိုင်ခဲ့ကြောင်း သိရှိရ။

MNDAA သကသအဖွဲ့သည် လားရှိုးမြို့၊ လူနေရပ်ကွက်များဖြစ်သော ရပ်ကွက်(၅) ရပ်ကွက်(၇)ပေါ်သို့ ရှော့တိုက်ဒုံးများဖြင့် ယုတ်မာစွာပစ်ခတ်မှုကြောင့် ဘုန်းတော်ကြီးကျောင်းနှင့် လူနေအိမ်အချို့ပျက်စီးပြီး ရဟန်း ရှင်လူ ပြည်သူများ ထိခိုက်သေဆုံးမှုများရှိနေကြောင်း သိရှိရ။

လားရှိုးမြို့နယ်ရှိ ဒေသအချို့နှင့် မူဆယ်ဘက်တွင်လည်း TNLA နှင့် SSPP/SSA (ဝမ်ဟိုင်း)အဖွဲ့တို့ အပြင်းအထန် တိုက်ပွဲများဖြစ်ပွားပြီး ၂ ဖက် သေဆုံးမှုများရှိကြောင်း သိရှိရ။

ဘန်းယဉ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဘန်းယဉ်ဒေသရှိ PNO (ပြည်သူ့စစ်) စခန်းနေရာအား KNDF/PNLA အကြမ်းဖက် ၄၀ ဦးခန့်က လာရောက်တိုက်ခိုက်သဖြင့် ထိတွေ့မှုဖြစ်ပွားပြီး ရန်သူဆုတ်ခွာသွားခဲ့။ ဖြစ်စဉ်တွင် မိမိဘက် ထိခိုက်မှု မရှိ၊ KNDF အလောင်း ၁ လောင်း သိမ်းဆည်းရရှိကြောင်း သိရှိရ။

ကယားပြည်နယ်

လွိုင်ကော်မြို့နယ်အတွင်း နယ်မြေရှင်းလင်းဆောင်ရွက်နေသော စစ်ကြောင်းသည် မိုင်းထောင်နေသည့် အကြမ်းဖက်သမား ၁ ဦးအား တွေ့ရှိသဖြင့် ပစ်ခတ်ဖမ်းဆီးရာ အကြမ်းဖက် အလောင်း ၁ လောင်း၊ မိုင်း ၂ လုံး၊ လက်ပစ်ဗုံး ၂ လုံး၊ စကားပြောစက် ၁ လုံး တို့အား သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရ။

KNPP/KNDF သကသအဖွဲ့များသည် လွိုင်ကော်မြို့နယ်အတွင်းသို့ အင်အားစုစည်း၍ တိုက်ကွက်ဖော်နိုင်ခြင်း မရှိတော့ဘဲ အဝေးမှ လက်နက်ကြီးဖြင့် နှောင့် ယှက်ပစ်ခတ်ခြင်း၊ ပြည်သူအသုံးပြုသည့် လမ်းများအား မိုင်းထောင်ခြင်း စသည်တို့ကို ရံဖန်ရံခါမှသာ ပြုလုပ်နိုင်တော့ကြောင်း သိရှိရ။

မန္တလေးတိုင်း

စဉ့်ကူးမြို့နယ်၊ ရွှေပြည်ရဲကင်းစခန်းအား အကြမ်းဖက်သမား ၁၀၀ ဦးခန့်သည့် Drop Bomb များ၊ လက်နက်ကြီး/ငယ်များဖြင့် လာရောက်တိုက်ခိုက်သဖြင့် လေကြောင်းပစ်ကူယူ၍ ပြန်လည်တိုက်ခိုက်ခဲ့ရာ ရန်သူဆုတ်ခွာသွားခဲ့။ အကြမ်း ဖက်သမားများသည် သေဆုံးအလောင်းများအား ဆိုင်ကယ်များဖြင့် ဆွဲယူထွက် ပြေးမှုအား စခန်းမှ မျက်မြင်တွေ့မြင်ရပြီး M-22 သေနတ် ၁ လက်၊ Type-81 သေနတ် ၁ လက်၊ ကျည် ၂၀၀ ကျော်၊ ကျည်အိမ် ၄ ခု သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရ။

သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးရဲစခန်းအား တိုက်ခိုက်လျက်ရှိသော အကြမ်းဖက် သမားများသည် စခန်းမှ ရွပ်ရွပ်ချွံချွံတွန်းလှန်မှု၊ လေကြောင်းပစ်ကူ ထိရောက်မှုတို့ကြောင့် ဆုတ်ခွာထွက်ပြေးသွားပြီး ထွက်ပြေးရာ လမ်းတစ်လျောက်ရှိ လူနေအိမ်များအား မီးရှို့သွားကြောင်း သိရှိရ။

Posted in Uncategorized