ဇူလိုင် ၂၇ ရက် နေ့လည် ၁၂.၃၀ နာရီအထိ လားရှိုးသတင်းစုစည်းမှု

ယနေ့ မနက်ပိုင်းမှာတော့ မြို့ပေါ်နေရာအချို့မှာ လက်နက်ငယ်ပစ်သံတွေကြားနေရပြီး ဝန်တင်တပ်ရင်းကို ပစ်ခတ်နေတဲ့ ရန်သူ့ပစ်ခတ်မှုကလည်း ယခင်ကထက် သိသိသာသာ လျော့နည်းသွားခဲ့ကာ ဝန်းကျင်ကိုတော့ ရှင်းလင်းနေဆဲပါ။ ဒါ့အပြင် Online ပေါ်မှာ ယနေ့တွေ့ရတဲ့ မီးသတ်၊ ရဲ၊ တပ်စခန်းနေရာတွေက သူပုန်တွေရဲ့ ပုံတွေဟာ မြေပြင်နဲ့ အတော်ကွဲလွဲနေတာ တွေ့ရပါတယ်။ ဘာလို့လည်းဆိုတော့ မီးသတ်စခန်းကို ယခုမနက်ပဲ သွားရောက်ရှင်းလင်းတဲ့ တပ်ဖွဲ့ဟာ ဘာထိတွေ့မှုမှမရှိ၊ ဘာသူပုန်မှာ မရှိဘဲ ဝင်ရောက်နိုင်ခဲ့ပြီး လုံခြုံရေးအဖွဲ့ ချထားကာ နယ်မြေဆက်ရှင်းနေဆဲဖြစ်ပါတယ်။ ပုံထဲမှာပါတဲ့ တပ်တွေကတော့ နေမြဲပါ။ (ပုံခိုးပြီး ရိုက်သွားတာလား? Photoshop လား? မသိရ)

ရေပူလမ်းဆုံနဲ့ မြို့တော်ခန်းမကိုတော့ Drop Bomb နဲ့ လာရောက်တိုက်ခိုက်တာကလွဲလို့ ကျန်တာ ကြီးကြီးမား မားဖြစ်စဉ်မရှိပါ။ ဆင်တောင်၊ ထ(၃)၊ ဝန်ထမ်းအိမ်ရာဘက်မှာတော့ ယနေ့မနက်ထိ လက်နက်ငယ် ၁ ချက် ၂ ချက်ခန့် အပြန်အလှန်ပစ်ခတ်သံကြားရပြီး ယခုငြိမ်သက်လျက်ရှိပါတယ်။

ဟိုပိတ်တိုးဂိတ်ကို လာရောက်ပစ်ခတ်တဲ့နေရာကို နယ်မြေရှင်းရာမှ နေအိမ်ခြံဝန်း ၁ ခုမှ ရန်သူ့ ခဲယမ်း/ဗုံးသီးများ၊ အိုင်ကွန်များ၊ ကျည်အင်္ကျီ/ဦးထုပ်များ သိမ်းဆည်းရမိပြီး ပစ်ကျင်း ၃၀ လည်း တွေ့ရှိရတယ်လို့ သိရပါတယ်။

လားရှိုးတက္ကသိုလ်ဝန်းကျင် နယ်မြေရှင်းနေတဲ့ စစ်ကြောင်းကတော့ အကြမ်းဖက် MNDAA ၄၀ ဦးနဲ့ ထိတွေ့မှု ဖြစ်ပွားပြီး ရန်သူ ၆ ဦးခန့် မျက်မြင်သေဆုံးပြီး ရန်သူဟာအလောင်းတွေ ထမ်းပြေး ဆုတ်ခွာသွားခဲ့ပါတယ်။ မဆွဲနိုင်လိုက်တဲ့ MNDAA အလောင်း ၁ လောင်း၊ pdf အလောင်း ၁ လောင်းနဲ့ RPG ၁ လက်၊ M-22 ၁ လက် ကိုတော့ တပ်က သိမ်းဆည်းရရှိခဲ့ပါတယ်။

ယနေ့မနက် ထူးခြားတဲ့ မြို့ပေါ်တိုက်ပွဲကတော့ လားရှိုးဈေးပဲ ဖြစ်ပါတယ်။ လုံခြုံရေးအဖွဲ့တွေဟာ သတင်းအရ ဈေးနဲ့ ပတ်ဝန်းကျင်ကို ရှင်းလင်းတဲ့အခါ အကြမ်းဖက် MNDAA ၅၀ ဦးနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွား ပြီး ရန်သူ့ထံမှ အလောင်း ၆ လောင်း၊ RPG ၂ လက်၊ M-22 ၂ လက်၊ ပစ္စတို ၁ လက် သိမ်းဆည်းရရှိခဲ့ပြီး မိမိစစ်သည် ၁ ဦး လားရှိုးအတွက် အသက်ပေးလှူခဲ့ရပါတယ်။

ဒါတွေဟာ ယနေ့ နေ့လည်အချိန်ထိ မြေပြင်မှာ ဖြစ်နေတဲ့ အမှန်တရားတွေပါ။ ရန်သူက လိုင်းပေါ်မှာ သိမ်းပြီးပြီလို့ ဓာတ်ပုံတက်လာတိုင်း အဟုတ်ထင်မနေကြပါနဲ့လို့ အကြံပြုချင်ပါတယ်။ Psywar လုပ်ဖို့ ဓာတ်ပုံခဏတာ အရိုက်ခံတာ ရှိသလို သာမန်မျက်စိနဲ့ မသိသာတဲ့ နည်းပညာနဲ့ Edit လုပ်ထားတဲ့ ပုံတွေလည်း တွေ့ရပါတယ်။ အဲ့နေရာကို မြေပြင်မှာ သွားရှင်းလိုက်ရင်တော့ ရန်သူမရှိတာက များပါတယ်။ တပ်မတော်အနေနဲ့လည်း ပုံတက်လာတိုင်း မိမိကို ထောင်ချောက်ဆင်တာ ဟုတ်/မဟုတ် သုံးသပ်ပြီး နယ်မြေတွေ ဆက်လက်ရှင်းလင်းနေဆဲဖြစ်ကြောင်း ရေးသားလိုက်ပါတယ်။

ထူးခြားရင် ညပိုင်းမှာလည်း သတင်းဆက် တင်ပေးပါမယ်။

တိုက်ပွဲသတင်းစုံ (https://t.me/combatnews7723)

Posted in Uncategorized