ကချင်ပြည်နယ်
ဝိုင်းမော်မြို့နယ် ခါးရှီကျေးရွာသို့ နယ်မြေရှင်းလင်းချီတက်စဉ် ၎င်းကျေးရွာ၏ တောင်ဘက် မီတာ ၁၀၀၀ ခန့်အကွာသို့အရောက် KIA နှင့် အကြမ်းဖက်ပူးပေါင်း အင်အား(စိစစ်ဆဲ) အဖွဲ့က လက်နက်ကြီး၊ လက်နက်ငယ်၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်သဖြင့် လေကြောင်းပစ်ကူယူ၍ ပြန်လည်ပစ်ခတ်ခဲ့။
ကယားပြည်နယ်
လွိုင်ကော်မြို့နယ်အတွင်း နယ်မြေရှင်းလင်းစဉ် ထီရိရွာအနောက်တောင်ဘက် မီတာ ၂၅၀ ခန့်အကွာသို့အရောက် KNPP/KNDF နှင့် အကြမ်းဖက်ပူးပေါင်းအင်အား ၂၀ ဦးခန့် က ပစ်ခတ်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့။
ဖားဆောင်းမြို့ စည်ပင်ရုံးအနီး လုံခြုံရေးဆောင်ရွက်နေစဉ် မသင်္ကာဖွယ် ဆိုင်ကယ် ၂ စီး၊ လူ ၃ ဦးအား တွေ့ရှိသဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ပြီး အလောင်း ၁ လောင်း၊ အေကေ(၄၇)ကျည် ၁၈ တောင့်၊ ကျည်အိမ် ၁ ခု၊ မှန်ပြောင်း ၁ လက်တို့ သိမ်းဆည်းရမိခဲ့။
ရခိုင်ပြည်နယ်
အမ်းမြို့နယ် ကဇူးကိုင်းကျေးရွာရှိ ပွိုင့် ၂၉၉ စခန်းသို့ နေရာ ၄ နေရာမှ AA သောင်းကျန်းသူ ၂၁၀ ဦးခန့်က လက်နက်ကြီး/ငယ် ၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့ရာ AA သကသများ ထိခိုက်ကျဆုံးများစွာဖြင့် အလောင်းနှင့် ဒဏ်ရာရသူများအား ဆွဲယူကာ ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး AA သကသ ၃ လောင်း၊ အမ်(၂၂) ၄ လက်၊ စက်လက် ၁ လက် သိမ်းဆည်းရမိခဲ့။
စစ်ကိုင်းတိုင်း
မြောင်မြို့နယ် ကင်းကျေးရွာ စာသင်ကျောင်းအတွင်း လက်နက်ခဲယမ်းများသိမ်းဆည်း ထားကြောင်း တာဝန်သိ ပြည်သူတစ်ဦး၏ လျှို့ဝှက်သတင်းပေးချက်အရ လခရတပ်ဖွဲ့ဝင်များက သွားရောက်ရှာဖွေခဲ့ရာ-
လက်နက်မျိုးစုံ ၁၁ လက်၊ ကျည်မျိုးစုံ ၄၇ တောင့်၊ ၆၀ မမဗုံးသီး ၂ လုံး၊ လက်လုပ်ဗုံးသီး ၉ လုံး၊ လက်ပစ်ဗုံး ၁ လုံး၊ ကျည်အိမ် ၂ ခု၊ ဒီတိုနေတာ ၂၀ ချောင်း၊ လက်လုပ်မိုင်း ၁ လုံး၊ ယမ်းကြိုး ၂ ခွေ၊ ဝါယာကြိုး ၁ ခွေ တို့အား ဖော်ထုတ်သိမ်းဆည်း ရမိခဲ့။
သတင်းပေးသူအား တာဝန်ရှိသူများက ထိုက်ထိုက်တန်တန် လျှို့ဝှက်စွာ ဆုကြေးငွေများ ပေးအပ်ခဲ့ကြောင်း သိရ။
တန့်ဆည်မြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်စဉ် မြို့၏အနောက်မြောက် ဘက် မီတာ ၃၆၀၀ ခန့်အကွာသို့အရောက် PDF ၃၀ ဦးခန့်က ပစ်ခတ်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့ပြီး လက်လုပ်စိန်ပြောင်း ၁ လက်၊ လက်လုပ်တစ်တောင့်ထိုး ၃ လက်၊ ၁၂ ဘိုးလ်ကျည် ၁၀ တောင့် သိမ်းဆည်းရမိခဲ့။
စစ်ကိုင်းမြို့နယ် ညောင်ပင်ရှည်ကျေးရွာသို့ ရှင်းလင်းစဉ် ရေသန့်စက်ဟောင်းအတွင်းမှ- လက်လုပ်သေနတ် ၃ လက်၊ လက်လုပ်ကျည်အိမ် ၁ ခုတို့အား ဖော်ထုတ်သိမ်းဆည်းရမိခဲ့။
#တိုက်ပွဲသတင်းစုံ